Professional Authors

အမှန်တရား

မနက်လက်ဖက်ရည်ဆိုင်က အဖြစ်ပျက်လေးကြောင့် ဆောင်းပါးလေးတစ်ပုဒ်လောက်ရေးချင်စိတ်ပေါက်လာလို့  ပါ။

လက်ဖက်ရည်ဆိုင်မှာ လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်က ဆိုင်ရဲ့ ရှေ့ ဆုံးခုံမှာ ထိုင်နေတဲ့ လူလတ်ပိုင်းယောကျာ်းနှစ်ဦးကို လမ်းမေးပါတယ်။သွားချင်တဲ့နေရာ လိပ်စာပြတာတွေ့ တယ်.မိန်းကလေးလဲ သွားရော နှစ်ယောက်သားပြောစကား ကျွန်တော်ကြားလိုက်တော့ စိတ်ထဲဘ၀င်မကျပါ.မိန်းကလေးကတမင်ဝင်ရောတယ်လို့ စွပ်စွဲပြောဆိုကြတယ်.ကျွန်တော်သေချာတာကတော့ မေးစရာလူသွားလူလာလမ်းထဲမှာ မရှိတဲ့ အခုလို ဆိုင်ဖွင့်စအချိန် အနီးနားမှာလည်း ကွမ်းယာဆိုင်တို့ ဘာတို့ လဲမရှိဆိုတော့ ဆိုင်ရဲ့ ရှေဆုံ့း ခုံထိုင်တဲ့ ဒီနှစ်ယောက်ကိုမေးမှာပါဘဲ.

ဒါက ကျွန်တော်ရဲ့ အတွေးလေးပါ။ခုတလော စိတ်ထဲမှာမေး နေတဲ့အကြောင်းရာလေးပါ။ မိန်းကလေးတွေနဲ့ ပက်သက်ပြီးယောကျာ်းလေးတွေ၇ဲ့ အမြင်လေးကို သိချင်တာပါ..ပြောချင်တာက ဒီလိုပါ..မိန်းကလေးအများစုက စပ်စုတဲ့စိတ်အရင်းခံရှိလေ တော့ တခုခုဆို သိလိုက်ရမှကျေနပ်ကြတာပါ.မသိတာရှိရင်လဲ မေးလိုက်ရမှ..အဆန်းလေးတွေ့ ရင်လဲသိချင်တော့ ဟိုမေးဒီမေးရှိတတ်ပါတယ်။တခါတရံ တွေ့ ရာလူမေး.တခါတရံ သိနိုင်မယ်လို့ ထင်သူကိုမေး..အဲ ပြသနာကအဲမှာစတာပါ.အချူိုတော့ ယောကျာ်းလေးများက ထင်မြင်မှားတတ်ကြပြီး စိတ်ကြီးဝင်တတ်ကြပါတယ်။သူတို့ လေးတွေကို မိန်းကလေးတွေ စကားစမြည်ပြောလာတဲ့အခါ အထင်မှာ အင်း..ဒီမိန်းကလေးတော့ငါ့လာရောနေပြီ..လွယ်လိုက်တာလို့ အထင်လွဲတတ်ပါတယ်.လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ တခါတရံတော့အဲလိုမိန်းကလေးမျိုးလည်းရှိနိုင်ပါတယ်။ပြောပုံအမှုရာကို ကြည့် ပြီးခွဲခြားလို့ မရနိုင်တာလဲရှိတယ်ဆိုတော့ ဒီမိန်းကလေး ရိုးရိုးသားသားခင်မင်တာလား တခုခုမျှော်တွေးပြီးခင်တာလားဆိုတာ သေချာဆန်းစစ်ကြရပါမယ်။အဲလိုမှ မဟုတ်ရင် ကျွန်တော်တို့ က တဖတ်လူကို စော်ကားသလိုဖြစ်ပါတယ်။

လူတွေအားလုံးမှာ တူညီသော ပိုင်ဆိုင်မှု အရာတခု ရှိပါတယ် . အဲဒါက  human right ပါ.တစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင် right ရှိပါတယ်။အသုံးချခွင့် လဲရှိပါတယ်။သူတို့ လေးတွေ အသုံးချချိန်မှာ ကိုယ်ကိုမထိခိုက်ဘူးဆို ရင် ကိုယ်ကလည်း သူတို့ တွေကို မထိခိုက်စေတာ အကောင်းဆုံးပဲမဟုတ်ပါလားဗျာ။

Dan

In: ဆောင်းပါး Posted By: Date: Aug 23, 2010
Comment #1

အမလေးနော် အဒီ့ကောင်မလေးတော့တော်တော်ကံမကောင်းတာဘဲ
လမ်းမသိလိုမေးမိပါတယ် ကိုယ့်ကိုကိုယ်အထင်ကြီးနေတယ့်လူနဲ့မှတိုးရတယ်လို့………….

commentinfo By: နွေးနွေး at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment