Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34818 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကဗျာရွာသို့ပေးစာ

၁။ ကဗျာရွာကို ကျွန်တော် ရောက်ပါသည်။ ရွာသည် ခြောက်ကပ်စွာ စည်ကားနေ၏။ မည်သူ့အိမ်မှ ကျွန်တော် ၀င်မလည်ဖြစ်ပါ။ တံခါးခေါက်မည်ဟု လက်ရွယ်လိုက်တိုင်း ဘဲလ်တီးပါဟူသော စာတမ်းကို တွေ့ရသောကြောင့် ဖြစ်သည်။

၂။ သူကြီးသည် ရွာ၏ အဓိပတိ ဖြစ်သည်။ သူ့လက်ချောင်းများဖြင့် ရွာကို အပ်ချလောင်း လုပ်လိုက်သည်။ ရွာသည် ဖျောင်းခနဲနေအောင် မီးပွင့်သွားပြီ။ အလင်းပဲ ဖြစ်ပါစေ။

၃။ ကိုဟယ်ရီက ရင်ဘတ်ထဲက စကားများ အန်ချပြသည်။ ထိုစကားများကို ကျွန်တော် ရွာမှာ ဖူးပွင့်စေချင်ပါသည်။ မရှိလျှင်မဖြစ်ဆိုသော အယူအဆကို ကျွန်တော် အယုံအကြည်မဲ့ပါသည်။ သို့သော် ရှိသင့်သည်ကိုတော့ ရှိမြဲရှိစေချင်ပါသည်။

၎။ ကျွန်တော် ကဗျာရွာကို သိပ်ချစ်ပါသည်။ ရွာကရော ကျွန်တော့်ကို ချစ်ပါရဲ့လား။ မေးကြည့်ချင်ပါသည်။ ( စဉ်းစားဦးမည်ဟု ဖြေသံကြားရသည်။ ) ကျေးဇူးပြု၍ သူကြီး ၀င်မဖြေပါနှင့်။

၅။ တလောက ကိုနိုက်ဘတ်ဟု ခေါ်မိသဖြင့် နိုက်နိုက်မှ စိတ်ကောက်ပါသည်။ သူ့ရဲ့ နောင်ကြီးရေ ခေါ်သံ ကျွန်တော် လွမ်း၏။ ၀င်္ကကချေသည်ဖြင့် ချော့ရဦးမည်။

၆။ ကွန်နက်ရှင် မကောင်းသဖြင့် ဘာမှလုပ်မရပါ။ သူကြီးနှင့် နိုက်နိုက်ကို ကဗျာများ ပေးခဲ့ဖူးသည်။ ရူးသလို ပေါသလိုနှင့် တင်မပေးပါ။ ရပါသည်။ မြန်မာပြည်လာမှ ၀ဋ်လည်မည်ဟု သဘောထားလိုက်၏။

၇။ ကျွန်တော့်အိမ်ကို ကျွန်တော် မဆောက်နိုင်ပါ။ သူကြီးက ဆောက်ပေးပါသည်။ သို့သော် သူလည်း မွဲသဖြင့် ဓနိမိုး ထရံကာလောက်သာ တတ်နိုင်သည်။ ကိစ္စမရှိပါ သူ အိမ်လည်လာမှ ရေချိုးသွားပါဦးလားဟု လောကွတ်ပြုလိုက်မည်။

၈။ ချီရွန့်အိမ် စုတ်ချာနေသဖြင့် အမြင်မတော်ပါ။ ( ကြုံတုန်း ပြောရမှာပဲ ကိုယ်က ထန်းရည်ဆိုင်ပိုင်ရှင် ဖြစ်နေတာကိုး )။ ၀ိုင်းဝန်း ပြုပြင်ပေးစေလိုပါသည်။

၉။ ချီရွန် အသည်းမကွဲတော့ပါ ( ကြော်ငြာဝင်လိုက်ဦးမယ် )။ ဟိုလူကြီး ပြောသလို ပိတောက်ကိုင်းကြီးလည်း မထမ်းတော့ပါ။ သူ့ဘာသာ ဘုန်းကြီးဘ၀က မကျွတ်တိုင်း သူများကို နှိပ်ကွပ်၏။ မကောင်းပါ။

၁၀။ ရွာမှ ပုံပြင်များကို စတင်မွေးဖွားသူ နိုက်နိုက်ကို မှတ်တမ်းတင်ပါသည်။ ဆက်ပြီး ရေးစေချင်ပါသည်။ ခြေမချိုးပေးရန် မလိုပါ။ ရေးရန် တက်ခြင်း ဖြစ်ပါသည်။

၁၁။ ကြီးဒေါ်အိကို ရေ အ၀ တိုက်ပါမည်။ တောမီးကို ချွေးထွက်အောင် လှုံခိုင်းပါမည်။ ထိုသို့ဖြင့် ချီရွန်သည် ကျေးဇူးဆပ်ရန် လက်မနှေးကြောင်း သိစေမည်။

၁၂။ ဟမ်းမကို ဆုပေးရန် သူကြီးထံ တောင်းဆိုပါသည်။ ကမ္ဘာ့အမြန်ဆုံး Presentation ကို ထူးချွန်ပြောင်မြောက်စွာ ကျင်းပနိုင်ခြင်းကြောင့် ဖြစ်သည်။ သူကြီးထံမှ ဆုရလျှင် ကိုချီရွန်ကို တ၀က်ပေးရန် အကြံပြုပါသည်။ ချီရွန်က တံခါးမှုး မဟုတ်သဖြင့် ကြိမ်ဒဏ်တုတ်ဆု ဆိုလျှင် ကိုယ့်ဘာကိုယ် အကုန်ယူရန် ထပ်မံ အကြံပြုပါသည်။

၁၃။ တစ်နာရီကြာအောင် ၀င်မှ ရောက်သော အရပ်တွင် အရဲမက လာခေါ်၏။ မြင်သော်လည်း ပြန်မထူးနိုင်ပါ။ အိပ်မက်ကို အိပ်မက်ထဲကျမှပင် ပြန်ထူးလိုက်နိုင်၏။ ခွင့်လွှတ်စေချင်ပါသည်။

၁၄။ ချီရွန် ပုံပြင်မရေးနိုင်သော ဘ၀က ရွာတွင် သောင်းကျန်းသွားသော ကြောင်မလေးကို မှတ်မိပါသေးသည်။ ကြုံမှ ရွာတွင် အကြော်ရောင်းခိုင်းစေမည်။

၁၅။ ကွမ်းယာသည် ဒေါက်တွန်လည်း နာဂစ်မှာ ဘာမီတွန်ရောင်းပြီး ကြီးပွားသွားသလား မသိပါ။ ရွာကို မလာတော့။

၁၆။ အမေဟန်သည်လည်းကောင်း၊ ကိုဏကြီးသည် လည်းကောင်း၊ မရဒ်သည် လည်းကောင်း ရွာကို ထားသွားကြပြီလား မသိ။ နီးစပ်သူများ ရအောင် ခေါ်စေချင်သည်။

၁၇။ ထူးထူးခြားခြား ချီရွန့် ကဗျာများကို အစအဆုံး လိုက်လံ အားပေးသော မိုးသောက် ကို ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။ သူ ဘယ်နိုင်ငံမှာ နေလဲ ကျွန်တော် မသိပါ။ ဂျီရိပ်တွင် ဖမ်းပါဟု ကျွန်တော် ပြောခဲ့သည်။ တခါမှ ချီရွန့်ကို မမိဘူး ထင်ပါသည်။ ( ဒီလောက် နေ့တိုင်း လာနေတာတောင် မတွေ့ဘူး )

၁၈။ ကျွန်တော် ဒီစာတွေ ရေးနေတာ အကြောင်းရှိပါတယ်။ ကျွန်တော် သိပ်မဝေးတော့သော ကာလမှာ ရွာကို ခွဲခွာရတော့မှာပါ။ လျှပ်စစ်မီးတောင် မရှိသော အရပ်မှာ ကျွန်တော် ဘယ်လောက် ကြာကြာ တာဝန်ထမ်းဆောင်ရမလဲ မသိပါ။ သိပ်မကြာခင် ကျွန်တော် နေရာသစ်ကို ပြောင်းရတော့မယ်။ မသွားခင်တော့ မလွမ်းချင်သေးပါဘူး။ ကျွန်တော့် အိပ်မက်တွေကို ဖန်ဆင်းခွင့် ပေးထားသော ရွာကို ကျွန်တော် အမြဲသတိရနေဖြစ်မှာပါ။ ချီရွန်က တဦးတည်းသောသား တကောင်ကြွက်ပါ။ ကျွန်တော့်ကို ညီအစ်ကိုအရင်းလို သဘောထားပေးသော သူကြီးနှင့်တကွ ရွာသားများ၊ အကိုကြီး ကိုဟယ်ရီ၊ ညီငယ်နိုက်ဘတ်၊ ညီမအရင်းများ သဖွယ် ကျွန်တော် ခင်မင်ရပါသော အိ၊ ဟမ်းလော့၊ အရဲ၊ ကစ်တီ ကျွန်တော် ရွာကို စရောက်ခါစက အားပေးခဲ့သော မရဒ်၊ ကျွန်တော့်ကဗျာများကို အစဉ်တစိုက်အားပေးခဲ့သော မိုးသောက်၊ အားလုံးကို ကျွန်တော် မမြင်ဘူးသော်လည်း ရင်နဲ့အမျှ ချစ်ခင်ပါသည်။ ကျွန်တော် မရှိလျှင်လည်း ရွာက စည်ကားမြဲ စည်ကားနေမှာပါပဲ။ ချီရွန်က ရွာကို အကျိုးမပြုနိုင်ခဲ့ရင်တောင် မကျိုးမဲ့အောင် မလုပ်ခဲ့ပါ ဆိုတာကိုတော့ အမြဲအမှတ်ရပေးစေချင်ပါတယ်။ ဒီတခါ နှုတ်ဆက်ခြင်းဟာ ကျွန်တော် ဒုတိယအကြိမ် နှုတ်ဆက်ခြင်းပါ။ ဒါပေမဲ့ ကျွန်တော် ခွင့်ရလို့ဖြစ်စေ၊ အခြေအနေပေးခဲ့လို့ဖြစ်စေ လာနိုင်ရင်တော့ ရွာကို နောက်တကြိမ် ပြန်လာဦးမှာပါ။ ကျွန်တော် သွားခါနီးရင် နောက်တခေါက် လာပြီး ပြောပါ့မယ်။ အခုက ကြိုတင် သတင်းပေးထားတာပါ။ ကျွန်တော့် ဘ၀က ကိုယ့်ကိုကိုယ် မပိုင်တာမို့ ပျောက်သွားရင် သိအောင် ကြိုပြောထားတာပါ။ အားလုံးကို နှုတ်ဆက်ပါတယ်။

In: ဆောင်းပါး Posted By: Date: Jun 20, 2009  ,
Comment #1

နှုတ်ဆက်ပြန်ပြီ …
ဒုတိယအကြိမ် နှုတ်ဆက်တာတဲ့ …
နောက်ထပ် ဘယ်နှစ်ခါ နှုတ်ဆက်ဦးမှာလဲကွ …

commentinfo By: harry at Jun 20, 2009
Comment #2

heheh ko chiron ka lay =P
အဲဒီ presentation ကို ထည့်ရေးဖြစ်အောင်ရေးလိုက်သေးတယ်.. ဟိဟိ
;D

muah miss u ko chiron =)
all the best ^^

commentinfo By: h3mlock at Jun 21, 2009
Comment #3

သူကြီးသည် David Copperfield မဟုတ်ပါ။ မီးတောက်စရာဆိုလို့ တစ်နေရာထဲသာရှိပါသည်။ ကိုချီရွန်ကြီးရာ အေးဆေးပါ .. အချိန်ရရင် ရသလိုသာ လာခဲ့ပါ။ ကျွန်တော်တို့က အမြဲသတိရနေမှာ။ မင်င်္ဂလာဆောင်ရင် သာ ကျွန်တော်တို့ကို ဖိတ်ဖို့မမေ့နဲ့။ ငုဝါလေးကိုတော့ ကျွန်တော်ပဲ တာဝန်ယူစောင့်ရှောက်ထားပေးပါ့မယ်။ ကိုချီရွန်ကြီး သွားရာလမ်းကိုသာ ဖြောင့်ဖြေင့်သွားပါ။ နောက်ဆံမတင်းနေပါနဲ့။ :P

commentinfo By: thettwe at Jun 21, 2009
Comment #4

မကြုံ ကြိုက် လို့ မနှုတ်ဆက်ခဲ့ ပင် ကို ချီရွန် ကဗျာ များ ကို ကြိုက်ပါသည်။ ငုဝါ လေး ကို လည်း ချစ်ပါသည်။
အဆင့်သင့် ရင် လိပ်စာလေး ပေး ခဲ့ လေ။ မီး မရှိတဲ့ အရပ်ကို စာအုပ် အဟောင်း အကောင်းလေး တွေ ပို့ ပေးပါမယ်။
သွား လမ်း လာ လမ်း သာ ပါ စေ… နေ ပူပါစေ၊ ရေ မပြတ်ပါစေနဲ့။
:) :) :)

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #5

ခွင့်လွှတ်ပါသည်။ ရွှေတို့တိုင်းပြည်အကြောင်း ရွှေသိသလို ကိုချီရွန်အကြောင်းလည်း သိပါသည်။ ဟမ်းမကို ရှေ့မှာ ထားပြီး အရဲကို နောက်မှာထားတာတော့ မကျေနပ်ပါ။

ကိုချီရွန် ရောက်ရာ အရပ်မှာ အရဲကို မမေ့စေ။ မငတ်စေ၊ အပြတ်စေ။ မကောင်းရာများနဲ့ ကင်းလွတ်စေ၊ ရှောင်ရှားနိုင်စေ။ ခြင်မကိုက်စေ။

commentinfo By: အရဲ at Jun 22, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3939)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)