Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34822 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော(23)

ကျနော်က ကလေးတွေကိုကွန်ပြူတာထဲမှာသီချင်းတွေကို MP3နဲ့ဘဲထည့်ခိုင်းတဲ့အခါပြသနာတစ်ခုက သီချင်းကို ကြိုက်လို့သိချင်တယ်ဆိုရင် ဘာသီချင်းမှန်း ဘယ်သူမှန်းမသိတော့တာပါဘဲ။
(ပါးပြင်မှာ သနပ်ခါးလေးနဲ့ဘဲချစ်စရာကောင်းလိုက်တာကွာ……………………….)တို့ဆိုရင် အစိုင်းဆိုတာ
(နဖူးကစခြေဖျားထိအောင်ကြည့်မယ် တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့် …………………..)ဖိုးကာဆိုတာ
(ခံစားတတ်တယ် နာကြည်းတတ်တယ်……………………………….)ဆိုရင်ကျားပေါက်ဆိုတာလောက်ကတော့သိတာပေါ့။
(ငါ့ဘ၀ ငါ့ဂီတမင်းလေးပါဘဲ…………………………………………)တို့
(တကယ်လို့အိပ်မက်ဖြစ်ရင်လဲ မနိုးထလိုက်ပါနဲ့………………….တွေးနေစဉ်ခဏဘဲ………………………)တို့
(အကြိမ်ကြိမ်အခါအခါနင်မေးတယ် ဘယ်လောက်ထိလဲ ဘယ်လောက်ချစ်လဲ အနားလာကပ်ကာသူမေးတယ်……………….)တို့
(သူကျနော့်ကိုမချစ်လဲ ကျနော်ကတော့ချစ်နေမှာ….သူ့ဖေဖေလာတယ်ဆိုရင် သူဆိုင်းအောက်လုပ်တော့မှာ……………………..)တို့
(ည.အဖြူရောင်ငွေနှင်းကြားမှာ…………………………………………)တို့
(ရိုမီယို ဂျူးလီးယက် မမှီနိုင်ဘူးဆို……………………..သိပ်ချစ်တယ်ဆို………………..)တို့
(ငါဝအောင်ငိုလိုက်မယ် ……..မနက်ဖြန်မင်းအတွက်ငိုစရာမရှိဘူးကွယ်…………………………)တို့
(ဟေ့မိချိုသဲ ငါ့နောက်ကလိုက်ခဲ့…………မင်းပြောတဲ့တရားတွေ မင်းဟောတဲ့တရားတွေ ယုံစားမိတော့မှားမယ်နော့………)တို့
(ဘယ်သူပြောတာလဲ အမေပြောတာတဲ့ ……………….ငါ့သမီးလေးတော်လိုက်တာနော်………………..)တို့
ဆိုတဲ့သီချင်းလေးကြားမိရင် ကောင်းတယ်ကြိုက်တယ်ဆိုတော့ ကလေးတွေကိုဆရာတင်ပြီး ဘယ်သူဆိုတာလဲ ဘာသီချင်းလဲမေးရတော့တာပါဘဲ။
သည်ဘက်ခေတ်ထဲမှာ အဆိုတော်တွေအတော်များများထွက်လာပါတယ်။
မိန်းကလေးထဲမှာဆိုရင် Rebeca၀င်း။ဖြူဖြူကျော်သိန်း။ဂျယ်နီ။နန်းဆုရတီစိုး။ဝိုင်းစုခိုင်သိန်း။Nကိုင်ရာ။Sandy မြင့်လွင်။အစ္စဏီ
ချစ်သုဝေ။ချစ်စုဝေ။ဇမ်နူး။တွင်ကယ်လ် ။ရှင်း။အိမ့်ချစ်။ ရတနာမိုင်။မိုးဟေကို။မယ်လိုဒီ။
အများကြီးမှအများကြီးပေါ်လာပါတယ်။
ဒါပေမဲ့ တကယ် နာမယ်ထွက်သွားတာ အများလက်ခံတာကတော့
(မိုးရာသီထဲ။အရူးမလုပ်နဲ့။မလိခမှအလွမ်းလေးတွေ။)စတဲ့သီချင်လေးတွေရဲ့ပိုင်ရှင် Lဆိုင်းဇီ နဲ့ သီချင်းအေအေးလေးတွေနဲ့ဖမ်းစားတတ်တဲ့ Lလွန်းဝါရယ်
(သာယာချိုမြိန်သော အနမ်းနဲ့ညှို့တဲ့သူလို့ ……………..တမ်းတနေတဲ့သူများသီချင်းတွေကို ကိုယ်ပိုင်မူနဲ့ပြန်ဆိုတတ်တဲ့ ချမ်းချမ်းပါဘဲ။
ယောက်ျားလေးတွေဆိုရင်လဲ ဟဲလေး။ဒေါင်လွန်း။လင်းလင်း ၊ရဲလေး ။အစ္စဏီ။ကြက်ဖ၊ဂျောက်ဂျက်။ဒီယံ။ဝေလျှံ။Aနွန်။ဂျီလတ်။လင်းနစ်။နောနော်။အီတိုး။
မရေတွက်နိုင်လောက်အောင် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာပါတယ်။
တစ်ချို့ကလဲ တပုဒ်လောက်နဲ့ ဘဲဆက်တက်မလာဘဲရပ်လာသလို။တစ်ချို့ကတော့လဲ တစ်ခွေနှစ်ခွေလောက်ထုတ်ပြီးရပ်သွားပြန်ပါတယ်။
ဒီသီချင်းဟစ်ဟော့ပေါ်စက မငိုပါနဲ့ကလေးရေ…………….တို့
 အရာရာထက်ပို………..တို့။
ခဏလောက်တော့နားထောင်ကြည့်ပါ……………..တို့
သတိရရဲ့လားကွယ်…………………..တို့
ဘယ်လောက်ဝေးဝေး ငါတို့တွေ့ကြမယ် မင်းနဲ့နီးချင်တယ်…………..တို့
 တစ်ဘ၀လုံးချစ်မယ့်သူ………………..တို့နဲ့ကျေနပ်နေရာကနေ။
သားစိုးဆိုတဲ့ တီထွင်နိုင်သူတစ်ယောက်က electro နဲ့မြန်မာဆိုင်းသံကို အချိုးကြအောင်ရောစပ်လို့ ဂီတသစ်အဖြစ်ထွက်လာပါတယ်။
ဆိုင်းသံကို ကြားရယုံနဲ့ ရင်ထဲကမနေနိုင်ပေါင်…………………..ဆိုတာကနေစလိုက်တာ
တောင်ပေါ်ရှမ်းလေး။ရေခဲရေ။အီကြာကွေး။လိမ်ဖယ်လိမ်ဖယ်ရွှေအိုးစည်။စာဥ။
ဘူးသီးနုနုမခူးရ။ပိုက်ဆံမရှိဘူး။ကောင်းပါတယ်။ကိုကြီးကျော်။ ကြက်ဖတညင်။ဗြောင်တောင်တောင်ဗပေ့ပေ့ဂျိ။
စတဲ့သီချင်းတွေနဲ့ ရောလိုက်မွှေလိုက်သမလိုက်နဲ့အားမရနိုင်အောင်ကို ထွင်လိုက်တော့
သူဖွင့်ုလိုက်တဲ့လမ်းကြောင်းပေါ်မှာလိုက်လာသူတွေအများကြီးပါ။
သည်နှစ်ထဲမှာ ရှေးကတဲက နာမယ်ကြီးအကော်ဒီယံအုန်းကျော်ကိုပါ အကော်ဒီယံကြီးနဲ့စင်ပေါ်တင် အချစ်ရှုံးသမားဒသဂီရိအော်ခိုင်းပြီး
နာမယ်ကြီးတဲ့ဖိုးချစ်က ဒသဂီရိလုပ်…ဂျယ်နီလေးက မယ်သီတာ သားစိုးက ရောပါလို့
ကျမကိုချစ်တာ ဘယ်သူတဲ့လဲ…………………….ငါဘဲငါဘဲဆိုပြီးအဆန်းထွင်ပြလိုက်တာ
နောင်ကို အီလက်ထရိုတီးလုံးနဲ့ မြန်မာ့ဆိုင်းလွန်ကဲစွာမရောရဆိုတဲ့ဘာမှန်းမသိတဲ့ တားမြစ်ချက်တွေထွက်လာပါတယ်။
ဘာတွေဘယ်လောက်ဆူဆူ ခုရက်နားထောင်ကောင်းနေတာကတော့
(ငါနောက်ကျရင် ငါ့ကိုနမ်းပါ……….နင်နောက်ကျရင်နင့်ကိုနမ်းမယ်…………………….ပြန်တွေးကြည့် ငါချစ်မိသွားပြီ…………………….
အသက်လေးဆယ်လူတွေမေးတယ်……….ဘယ်တော့များမှစားရမှာလဲ ……………….ငါမှားလားမင်းမှန်လားဆိုတဲ့ တစ်တီတူးလေး မိုးမိုးကတော့
သီချင်းအေးအေးလေးတွေနဲ့……………………………..။
သီချင်းပုံစံတွေတစ်ခေတ်ပြီးတစ်ခေတ်ပြောင်း………..
သီချင်းကြီးကနေကာလပေါ်……….ကနေ ရေဒီယိုသီချင်း။ကျေးလက်သီချင်း………..လမ်းသူရဲသီချင်း ရော့အင်ရိုးလ် ချားချား ကနေ ဒစ်စကို
ဒစ်စကိုကနေရော့က် ရောက့်ကနေ ဟဲဗီးရော့………….ကနေ ရက်ပ် ရက်ပ်ကနေ့ ပန့် ………ပန့်ကနေအော်လတာ ဟစ်ဟော့……..အခု r&b
နောက်ဘယ်လိုပုံစံတွေပြောင်းမယ်ဆိုတာကတော့ မသိနိုင်ပါဘူး။
ခေတ်ဆိုတာ အမြဲတစ်ပါတ်လည်ပါတယ်။
အရင်က လမ်းသူရဲသီချင်းကအခု တော့ အန်းဒိတ်လေးစားရတဲ့သီချင်းဖြစ်လာသလို
အရင်ကတောသီချင်းဆိုတာတွေကို လမ်းသူရဲသီချင်းကို စတင်သူတွေက ပြန်ဆိုနေပြန်ပါတယ်။
လူတွေက လဲ အသစ်တွေမွေးဖွားလာသလို ခေတ်အလိုက် ဂီတကိုလဲ ပုံစံအသစ်အသစ်တွေမွေးဖွားလာမှာ ဖြစ်ပါတယ်။

ကျနော်သစ်ပို့စ်ကိုစရေးစမှာ ကျနော့်ရင်ထဲ ဦးနှောက်ထဲမှာ စွဲကျန်နေတာလေးကို ပေါ့ပေါ့လေးရေးမယ်လို့ဆိုပြီးစခဲ့ပါတယ်။
ဒါပေမဲ့ဖတ်မိတဲ့သူတွေက ကော်မင်းတွေပေးကြ (အထူးသဖြင့် ထာဝရမိတ်ဆွေများက ကိုညိုပြာ)လိုဝါသနာပါသူတွေက
ကျနော်မေ့ကျန်နေတာလေးတွေကို ဖြည့်ပေးရင်း ကျနော်ကလဲ ပိုစိတ်ပါလာပြီး ပိုပြည့်စုံပိုလဲရှည်သွားပါတယ်။
စောင့်ဖတ်သူတွေ အားပေးသူတွေရယ်၊ ကျနော်မသိတဲ့စာလုံးပေါင်းတွေကို ချက်တင်ကနေတစ်ဆင့် စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ တောင်ကြီးက ဆရာမ မ၀ိုင်းဝိုင်းရယ်၊
မလေးက ကိုစိုးခိုင်ထူးရယ်ကို အထူးကျေးဇူးတင်ပါတယ်။
ဖတ်သူတွေအားမပေးရင် သူတို့ကစာလုံးတွေကိုကူရိုက်မပေးရင် ကျနော်သည်လောက် မြန်မြန်ရေးနိုင်မှာမဟုတ်ပါဘူး။
တကယ်ကိုကောင်းသော သီချင်းများ အဆိုတော်များကျန်နေခဲ့ရင် ကျနော့်မှတ်ဥာဏ်နည်းလို့ လို့သတ်မှတ်ပြီးခွင့်လွှတ်ပေးစေချင်ပါတယ်။
ကျနော်သည်စာကိုရေးတဲ့အခါမှာ ဘယ်စာအုပ်စာတန်းကိုမှ ပြန်ဖတ်ပြီး မကိုးကားဘဲ ကျနော့်မှတ်ဥာဏ်ကိုသာအားပြုရေးတဲ့အတွက်
ကျန်မှာ အမှားအယွင်းအနည်းငယ်ရှိမှာသေချာပါတယ်၊(ဥပမာ အာလူးလာမပေးနဲ့ ပထမဆိုသူ ဝေမိုးကို မပြောဖြစ်ဘဲ နောက်ပြန်ဆိုတဲ့ ဇော်မင်းလေးကိုညွှန်းမိတာမျိုး)
အခုသိန်းတန်မြန်မာပြည်သီချင်းတွေကို ကေကေတီက ပြန်ဆိုရာမှာ အရင်က နာမယ်ကြီးသီချင်းဖြစ်တဲ့ တပုဒ်ထဲကိုသာ ဆိုတဲ့  မိုးမြင့် ရဲ့
(ဇင်ယော်ငှက်ငယ် လွမ်းဟန်ဖွဲ့……………တစ်ကိုယ်ရေနွမ်းလျှမရွှင်နိုင်ကို ……………ကျန်နေခဲ့သလိုပေါ့။။)
အလွန်တစ်ရာမှ လှပသော ကျယ်ပျံ့သော ပန်းပေါင်းများစွာဖူးပွင့်နေသော ပန်းခင်းကြီးကို အဝေးက လှမ်းကြည့်တာနဲ့တူတယ်လို့ခံစားရပါတယ်။
သည်တော့လဲ အားလုံးကိုမမြင်မတွေ့နိုင်သလိုမေ့ကျန်နေမှာကတော့ သေချာပါတယ်။

လေထဲကပျံ့လွင့်လာသော အသံလေးက ကျနော့်နားစည်ကိုဖောက်ထွင်းလို့ နှလုံးသားထဲကိုဝင်လာလို့ သွေးကြောထဲမှာလှည့်ပါတ်ပြီး
မေ့မရနိုင်လောက်အောင် ဦးနှောက်ထဲမှာရပ်နေတဲ့ သီချင်းလေးများကတော့ ထာဝရရှင်သန်နေအုံးမှာပါ………………………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

You may also like to read

  1.  နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော(20)
  2.  နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်နေသော(19)
  3.  နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(17)
  4.  နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်နေသော(21)
  5.  နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော (အပိုင်း 10)
  6.  နားစည်ကိုထွင်းနှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော(အပိုင်း14)
Leave comment commentinfo No comment & 407 views

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3940)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)