Professional Authors

ငါ့အပြစ်များလား..

ငါ့အပြစ်များလား
အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့..
မင်းကို ကိုယ်သတိမထားခဲ့မိတာအမှန်ပါပဲ..
ဘယ်လိုပဲဖြစ်ဖြစ်တဖြည်းဖြည်းနဲ့ဝေးလာပြီဆိုတာသေချာနေတဲ့အချိန်မှာ..
ကိုယ့်ကိုကိုယ် ပိုပြီးသိလာတယ်…
မင်းကိုပိုပိုပြီးချစ်မိလာတယ်ဆိုပဲ.
ဒါပေမယ့်လဲ တဖြည်းဖြည်းသိလာတဲ့အချိန်မှာ တဖြည်းဖြည်းဝေးလာတဲ့ဒဏ်ကို မခံနိုင်တော့ဘူးလေ..
ရင်ထဲက ပိုပြီးဟာလာတယ်…
နှလုံးသားက ပိုပြီးဆာလောင်လာတယ်…
ဦးဏှောက်က ပိုပြီးလိုချင်လာတယ်..
ဒါပေမယ့်လဲ..
ကောင်းကင်တမွတ်ကြယ်ကိုဆွတ်တာက ပိုပြီးလွယ်လိမ့်မယ်လို့..
ဘာကြောင့်သိနေရတာလဲ…
အဆိုးဆုံးက ဒီအချိန်မှာ ကိုယ်တစ်ယောက်တည်းဖြစ်နေခဲ့တာပဲ..
သိပ်ပြီးဆိုးဝါးခဲ့ပါတယ်..
အစကတည်းကမှေ၀၀ါးနေတဲ့ နှင်းမှုန်တွေကို မဖယ်နိုင်ခဲ့တာ..
အခုအချိန်မှာတော့ သံကန်လန့်ကာ ချခဲ့ရပြီပေါ့…….
ဘယ်လိုပဲဖြစ်ဖြစ်ဆက်တော့ကြိုးစားချင်ပါရဲ့..
ဒါပေမယ့်လဲ …
ခုလိုအချိန်မှာ ဘာမှမဖြစ်သေးတော့လဲ ဘာမှမဖြစ်ချင်ဘူးလေ..
အဲဒါကပဲအမှားအယွင်းတစ်ခုပဲလား..
ဒီလောက်လေးပင်နေတဲ့ရင်ဘတ်ကြီးကို ဘယ်တုန်းကမှထမ်းမထားခဲ့ဘူး..
အပူရုပ်ကိုဟန်လုပ်တယ်ဆိုတာက …
တကယ်တမ်းပင်ပန်းတယ်ဆိုတာ မင်းမှသိပါလေစ ချစ်ရတဲ့သူ..

In: ဆောင်းပါး Posted By: Date: Jul 16, 2010
Comment #1

ဘယ်သူ့ကို ချစ်နေတာလဲမောင်ရ၊
ဟိုက်စကူးက မောင်ရင့် ဟိုဟာလေးကိုလား။

commentinfo By: Shwe Thway at Jul 16, 2010
Comment #2

ဒီလိုပါပဲကွာာ…

commentinfo By: ic23u0 at Jul 17, 2010
Comment #3

မနောက်ပါနဲ့မောင်ရင်။

commentinfo By: ရွှေသွေး at Jul 21, 2010
Comment #4

မနောက်ဘူးဟ တကယ်ရေးထားတာ…
တကယ်ခံစားထားတာဟ..

commentinfo By: ic23u0 at Jul 23, 2010
Comment #5

မိုက်တယ် အကို ခံစားချက်နဲ့တိုက်ဆိုင်လို့လားမသိဘူး အဟဲ ငိုချင်သွားတယ်

commentinfo By: lucifer at Aug 4, 2010
Comment #6

အချိန်အခါဆိုတာရှိတယ်လေ
ဝေးမှာသိတယ်ဆိုတော့
အချစ်မှာ ရှုံးသွားပြိးလေ

commentinfo By: moonangelgrl at Sep 14, 2010
Comment #7

ဝေးမှသိတယ်ဆိုပေမယ့် စဉ်းစားတိုင်း တကယ်နာကျင်မိတယ်ဟ..

commentinfo By: ic23u0 at Sep 15, 2010
Comment #8

စံပါယ်ပွင့်ရင် ခြံကာပါဆိုတာရှိတယ်ဟ moonangle ရ
သိလား.. 🙂

commentinfo By: ic23u0 at Sep 16, 2010
Comment #9

လေးနေရင် မထမ်းနဲ့ပေါ့.ဟ
ခံစားချက်ကေ၀၀ါးဝါးပဲနော်……… မှီရာကားနဲ့လိုက်မှ အခုခေတ်က

commentinfo By: princess at Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment