Professional Authors

အမေသို့ တမ်းခြင်း

မနေ့က ခေါင်းလျော်ဆိုင်မှာ ကျမ ခေါင်းလျော်နေပါတယ်..
ကျမမျက်စိကို မှိတ်ပြီး အနားယူနေချိန်မှာဘဲ ကျမကို ခေါင်းလျော်
ပေးနေတဲ့ မိန်းကလေးက ဘေးကသူ့ အဖေါ်တွေနဲ့  စကားပြောနေပါတယ်..
ကျမလည်း နားနားကပ်နေတော့ ကောင်းကောင်းကြားရတာပေါ့
ကလေးမလေးကပြောတယ် ငါညက တညလုံး အိပ်လို့ လည်းမရဘူး
ညနေထဲကလည်း ထမင်းလည်းမစားနိုင်ဘူး စိတ်ညစ်နေတာ နင်သိတယ်မလားတဲ့ 
အေးဟာ ငါလေ ခုချိန် အမေဆီက ဖုန်းသံလေးကြားလို့  အမေ့ အသံလေးသာကြားရရင် ငါစိတ်ညစ်တာတွေ ၀မ်းနည်းတာတွေ သက်သာမလားလို့  ငါလေ အမေ့ဖုန်းကို မျော်နေမိတယ်တဲ့ ကျမ တော်တော်လေး
ရင်ထဲမှာ ခံစားလိုက်မိတယ် တချိန်ထဲမှာဘဲ ကျမသူသမီးကြီး တခါကပြောဘူးတယ်
တခါတလေ အနာတရ တခုခု ထိခိုက်မိရင်တောင် အမေ အမေလို့  နှုပ်က ခေါ်နေရင် အနာသက်သာတယ်တဲ့ အဲ့လိုဘဲ သူငယ်ချင်းတယောက်ကလည်းပြောဘူးတယ်
သူနိုင်ငံခြားမှာ သွားကိုက်တော့ နှုပ်ကနေ အမေ အမေလို့  ညီးလိုက်တာ အနာသက်သာသွားတယ်တဲ့ …ဟုပ်ပါတယ် ကျမတို့ အရွယ်ရောက်တာတောင်
ခုထိ အဲ့ဒီ လိုတမ်းတခြင်းဟာ ဝေဒနာကို သက်သာစေပါတယ်.

In: ဆောင်းပါး Posted By: Date: Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment