Professional Authors

သူတို့လေးတွေ အတွက်

ကလေးသူငယ်တို့ ကို ၀ိုင်းဝန်းစောင့်ရှောက်ကြပါစို့ ..
အဲ့ဒီဆောင်းပါးလေးကို ကျမရေးချင်နေတာ တော်တော်ကြာပါပြီ..
ကျမလည်း ၀မ်းရေးဘဲ ဦးစားပေးနေမိတာ စာရေးဘို့ အချိန်ကို မနည်းလုယူနေရတယ်.
ကလေးတွေအတွက် ကျမပြုစုပျိုးထောင်ပေးရတာအ၇မ်း ကျေနပ်ဝမ်းသာတယ်..
ကလေးတွေရဲ့ ဘ၀တွေကသနားစရာကောင်းပါတယ်..သူတို့ ဟာ မွေးလာတဲ့ မိဘတွေရဲ့ ဘ၀အခြေအနေတွေအပေါ်မူတည်ပြီး သူတို့ ရဲ့ ဘ၀လေးတွေကလည်း ရှင်သန်ကြရတာပါ..
အခုဆို နေရာတော်တော်များများမှာ တွေ့ရပါတယ် ကလေးတွေဟာ ပညာသင်ချိန်မှာ ပညာသင်ခွင့်မရကြဘူး မိဘနဲ့အတူငွေရှာနေရတယ် တချို့မိဘဆို သက်သက်မဲ့ ကလေးတွေ
ဘန်းပြပြီး လုပ်ကိုင်စားသောာက်နေကြတာကိုလည်း တွေ့မှာပါ ကျမက အဲ့လိုမျိုးကို မြင်ရင်
မနေနိုင်ဘူး ငါဘာလုပ်ပေးရင်ကောင်းမလည်းလို့  စိတ်ထဲမှာ ပါလာရော ကော့မူမှာ
နာကစ်က မိဘမဲ့ ကလေးတွေရှိကြတယ် အဲ့ဒီထဲမှာ တကယ် စာတော်တဲ့ ကလေးတွေပါတယ်
အဲ့ဒီ ကလေးတွေကလည်း ဆက်လက်စာသင်ချင်စိတ် ရှိတယ် ကြိုးစားတယ် သူတို့ကို အုပ်ထိန်းတဲ့ ဘုန်းကြီးကျောင်း။အဒေါသားချင်း။ဖွားအေ စသည်ဖြင့် ပေါ့လေ အဲ့ဒီလူတွေအားလုံးကလည်း ကလေးတွေကို စာဆက်သင်စေချင်တယ် .ဒါကြောင့် ဆရာမကြီးနှင့် လက်တွဲပြီး ကလေးပေါင်း(27)ယောက်စာသင်ဘို့ ကျမ ထောက်ပံ့တယ် ဒါကလည်း ကျမတနိုင်ပေါ့..ဒါပေမဲ့ တချို့သော အုပ်ထိန်းသူတွေကျ ကလေးတွေကို စာသင်ချိန်မပေးဘူး သူတို့ခိုင်းစားကြတယ် အဲ့ဒီကလေးတွေက တဖြေးဖြေးနဲ့ အရွယ်နဲ့ မတန်တဲ့ အလုပ်တွေကို လုပ်ကြရတယ် တချို့ဆိုကျမ မြင်ဘူးပါတယ် သူဌေးတွေရဲ့ စီးပွားရေးတွေ။စားသောက်ဆိုင်တွေ။နဲ့ စက်မှု့လုပ်ငန်းများ။နှင့် ဈေးရောင်းခြင်းအလုပ်တွေကို
အတန်တဆ လုပ်နေတာ တွေ့ရပါတယ် တချို့ဆိုလည်း အဲ့ဒီလိုလုပ်ရင်းနဲ့ စရိထ္ထတွေပျက်သွားတဲ့ ခိုးဆိုးကလေးတွေလည်း တော်တော်များများ ဖြစ်သွားကြပါတယ် ဒီတော့ ကျမတို့က…
အဲ့ဒီလို ကလေးတွေရဲ့ဘ၀ကို မြင်ရတဲ့သူတိုင်း သူတို့ရဲ့ ဘ၀လေးတွေကို ကောင်းဘို့ စရထ္ထ
မပျက်စီးဘို့ အတွက် တပ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပေးကြပါလို့ ..ကျမတိုက်တွန်းချင်တာပါ..ကျမလည်း အရမ်းသူဌေးမဟုပ်တော့ တပ်နိုင်သလောက်တော့ ကူညီဖြေရှင်းပေးပါတယ် တကယ်တပ်နိုင်တဲ့ သူတွေရှင် သူတို့ကို သတိရပေးဘို့ ကျမမေတ္တာ ရပ်ခံပါတယ်ရှင့်…သူတို့ဟာ နောင်ဝယ်လူကြီးတွေဖြစ်လာမယ်ဆိုတော့ တိုင်းပြည်ကို တနေရာရာကနေ အကျိုးပြုနိုင်ဘို့  ကျမတို့  သူတို့တွေကို စိတ်ဓါတ်ရော ပညာရော အစစအရာရာ ကောင်းမွန်ဘို့ အတွက် အားလုံး ၀ိုင်းဝန်းကြပါစို့ လို့ ကျမဒီဆောင်းပါလေးနဲ့
တိုက်တွန်းချင်ပါတယ်ရှင့် ….ကျေးဇူးတင်ပါတယ် မိတ်ဆွေများအားလုံး…ကူညီနိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ်…

In: ဆောင်းပါး Posted By: Date: Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment