Professional Authors

ဒုသမ္မတ ဦးဥာဏ်ထွန်း ဆိုသူ၏ နားကို တရားဝင် တံထွေး စွတ်ခြင်း

ဒုသမ္မတ ဦးဥာဏ်ထွန်း ဆိုသူ၏ နားကို တရားဝင် တံထွေး စွတ်ခြင်း

တစ်ရက်လျှင် နှစ်ထောင်ကျပ် ရလျှင် လုံလောက်သည်ဟုပြောသောစကားကို တရားဝင် စိန်ခေါ်ပါသည်…….ကျုပ်အိမ်ပေါ်က ဆင်းပီး တစ်လနီးပါး အပြင်မှာ နေဖူးသည်…တစ်လတောင်မပြည့်ခဲ့ဘူးဆိုပေမယ့် တစ်ရက်ကို နှစ်ထောင်လောက်နဲ့ လောက်အောင်သုံးခဲ့ဖူးသည်….
မနက်စာ မုန့်ခင်းခါး တစ်ပွဲ ၂၅၀ အကြော်နှင့် ၃၀၀ကျပ် (ကျုပ်က မုန်ခင်းခါးတစ်ပွဲနဲ့ အဆင်မပြေတော့ ထမင်းဖြူ ၁၅၀ကျပ်ဖိုး ရောပြီး စားမှ အဆင်ပြေသည်)ထို့ကြောင့် တစ်နပ်ကို ၄၅၀ကျပ် ကျပြီး သုံးနပ်ကို ၁၃၅၀ကျပ် (တစ်နေ့စာ)။သူငယ်ချင်းအိမ်(ဘုရင့်နောင်)ကနေ မြေနီကုန်း အလုပ်ဆီကို အသွားတစ်ရာ၊ အပြန်တွင် တိုက်ရိုက်ကားမရှီ၍ နှစ်ရာ ပေါင်းသုံးရာ၊နှစ်ထောင်ပြည့်ဖို့ ၃၅၀ ကျန်သေးတယ် အဆောင်ငှားနေချင်ရင်၃၅၀*၃၀ ရက်=၁၀၅၀၀ ကျပ်တန် ငှားနေလို့ရသေးတယ် ဒါပေမယ့် အဆောင်ဖိုး ၁၀၅၀၀တန် ဆိုတာ တော့ တော်တော့်ကို မလွယ်ဘူး ဒါပေမယ့် ထားပါ ရသည်ပဲဆိုပါတော့ တစ်ရက်ကို နှစ်ထောင်ရရင် တစ်ရက် တာအတွက် ဖြတ်သန်းလို့ ရသေးတယ်…..
အခု ၂၀၁၄ အဆောင်ခက ၂၀၀၀၀(နှစ်သောင်း)၂၅၀၀၀(နှစ်သောင်းခွဲ)လောက်မှ ပေးမှ ရမှာဆိုတော့ စားစရိတ်ကို ထပ်လျှော့မယ် တစ်နပ်ကို ၃၀၀(သုံးရာကျပ်=ထမင်းဖြူနှစ်ရာဖိုး ကလေးတွေစားသည့်သားရေစာ ဗရာကျော်အထုပ် ၁၀၀ကျပ်တန် (သို့) ပဲပြုတ်တစ်ရာဖိုးဖြင့် ရအောင်စားမည်။သည်တော့ တစ်နေ့ကို ၉၀၀ကျပ်+ကားခ ၃၀၀ကျပ်=၁၂၀၀ကျပ်(တစ်နေ့)။တစ်လလျှင် ၃၆၀၀၀ဆိုတော့ ၂၄၀၀၀ကျပ် အဆောင်ဖိုးပေးလို့ အဆင်ပြေနိုင်သည် ပြေသည်ဆိုပါစို့ …..ဒုသမ္မတ အသင် ပြောသော နှစ်ထောင်ကျပ်ရလျှင် အဆင်ပြေနိုင်သည်ဆိုသော အဆိုကို ကျုပ်က အပြည့်ထောက်ခံသည် သို့သော် အဲ့သည့် ဘ၀မျိုးကိုဖြတ်သန်းဖို့ သင့်အား ကျုပ်က စိန်ခေါ်သည်(နားကို တံတွေးဖြင့် စွတ်လို့ ရရင် စွတ်ပြီးတော့ စိန်ခေါ်သည်)။ အသင် တစ်ရက်နေရင် ကျုပ်လည်းတစ်ရက်နေမယ်၊ အသင် တစ်လဆို ကျုပ်လည်း တစ်လ၊ အသင် တစ်နှစ်ဆို ကျုပ်လည်း တစ်နှစ်၊အသင် တစ်သက်ဆိုကျုပ်လည်း တစ်သက် နေမည်။အသင့် ပါးစပ်က ထွက်လာသည့် စကားကို အသင်ယောက်ျားမို့ တာဝန်ယူရဲသည် ဆိုလျှင် ယောက်ျားချင်း တရားဝင် စိန်ခေါ်သည်။ ထို့အပြင် ကျုပ်ဘက်က လူအယောက်တစ်ရာ(၁၀၀) ပါ ထိုကဲ့သို့ လိုက်နေရန် မဲဆွယ် စည်းရုံး ပေးမည်။

နေ့သစ်
22.5.2014 ည 10နာရီ 58 မိနစ်

In: ဆောင်းပါး Posted By: Date: May 24, 2014
Comment #1

ကိုနေ့သစ်ရေ………ခုချိန်မှာ တစ်နေ့ နှစ်ထောင်ဆိုတာ ကားခပဲရှိတော့တယ်.
ဒီတော့ရုံးတက်ပြန်လာဗိုက်မှောက်အိပ်….လမ်းဘေး..
တော်တော့်ကိုရက်စက်တယ်နော်………………………………..

commentinfo By: May Kha at Jun 2, 2014
Comment #2

ဒီတော့ရုံးတက်ပြန်လာဗိုက်မှောက်အိပ်….လမ်းဘေး..

ရေသောက် ဗိုက်မှောက်လို့တောင် မရေးသွားဘူးနော်…
ရေသန့် တစ်ဘူး ၃၀၀ ကျပ်ဆိုတော့ ….ဗိုက်စာရင် လမ်းဘေးရေအိုးစင် ကရေသောက်ဆိုပါတော့

commentinfo By: nate thit at Jun 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment