Professional Authors

နံနက်ခင်းစကားဝိုင်း..။

နံနက်ခင်းစကားဝိုင်း..။

               လဘက်ရည်တစ်ခွက်၏ အဓိကကျသော ကျရည်ရဲ့ အရသာကို ပါးစောင်းတွင်းထည့်ကာ မျိုချလိုက်၏….။ ဆိုင်အတွင်းပိုင်း
ဆောင်းဘောက်ကြီးဆီမှ  ကိုညီထွဋ်၏ “”မဟာ “” သီချင်းသံစဉ်က နားစည်သို့ ခပ်ပြင်းပြင်း လာရိုက်ခတ်နေသည်….။

   “” ကြီးမြတ်လေသော သမိုင်းကြောင်းတို့ အစဉ်အလာကြီးခဲ့ရာ ……မင်းတရား အနော်ရထာ ကျေးဇူးများ  ဒီမြေကြီးထက်မှာ.. ဗုဒ္ဓသာသနာ အလင်းတို့ ထိန်ထိန်ညီးခဲ့ရာ…မဟာာာာာာာာာာာာ  …””

  ကြားလိုက်ရသော သီချင်းစာသား၏ အဓိပ္ပါယ်ကြောင့်  ကျွန်တော်နှုတ်ခမ်းတစ်ဖက်ကို ခပ်ကွေးကွေးလေး တွန့်ကာ ပြုံးလိုက်မိသည် ..။ ဒါကို မိုးသူနှင့် ငရဲက မြင်တွေ့သွားဟန်တူသည်..။

    “” ဘာပြုံးတာလဲ ကျော်ကြီးရ….. ပြုံးစရာ စကားတစ်ခွန်းမှလည်း ငါတို့ မပြောရသေးပါဘူး…. မင်းအပြုံးက အဓိပ္ပါယ် တစ်ခု ခု   ဆောင်နေတယ်ဆိုရင်  ငါတို့ကိုလည်း မနက်ခင်း လဘက်ရည်ဆိုင် ထိုင်ရတဲ့ အရသာကို ပိုပီပြင်သွားအောင် …အပိုတန်ဆာလေး ဆင်ပေးပါဦးကွ…””

       ကျွန်တော် သူတို့နှစ်ယောက်ကို တစ်ချက်ကလေး ခပ်နက်နက် ဆိုက်ကြည့်လိုက်ပြီး…….

       “” ငါပြုံးတာ တခြား အကြောင်းကြောင့် မဟုတ်ပါဘူးကွာ….. သီချင်းစာသားကြောင့် ငါပြုံးမိတာပါ…ဒီသီချင်း စာသားကိုကြားမိ
ပြီး ငါတို့လူမျိုးရဲ့ သမိုင်းအစဉ်အလာ ကြီးမားခဲ့ပုံနဲ့  ငါတို့လူမျိုးရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်အဆင့်အတန်းတွေကို လက်တွေ့ခေတ်
လူနေမှု အဆင့်အတန်းနဲ့ လက်တွေ့ခေတ်လူတွေရဲ့ ပြယုဂ်တွေ…. စိတ်ဓါတ်အဆင့်အတန်းတွေနဲ့ ယှဉ်မရအောင်ကွာခြားနေတာကို
 နှိုင်းယှဉ်မိလိုက်လို့ပါ….အဟက် ဟက် ဟက်…””

     “”ဟ…. လုပ်စမ်းပါဦး ကျော်ကြီးရ…. မင်းတွေးလိုက်တိုင်း မင်းပြောလိုက်တိုင်း ငါတို့အတွက်အဆန်းတွေချည်းပဲ….မင်းက ကဗျာဆ
ရာ လို့ကို  မပြောရဘူး …… ရေလည်အတွေးတွေ နက်တယ်…””

      “”ကျွတ်!!!!!!!!!!!!!!!!!!!!!!! နေပါကွာ…. ငါ့ကို ကဗျာဆရာ  ကဗျာဆရာ လို့ ထည့်ထည့် နာမ မသမုတ်စမ်းပါနဲ့…… ငါ ကဗျာဆရာ
မဟုတ်ပါဘူး… ကဗျာရေးသူပါ…ကိုယ့်ကိုကိုယ်  ဆရာတစ်ယောက်အဖြစ်မခံယူဝံ့သေးပါဘူး…. ငါဘာကောင်မှ  မဟုတ်ပါဘူးကွာ….
နောက်ပြီး ငါလိုကောင်ကို ကဗျာဆရာလို့ သတ်မှတ်ပြီး ခေါ်နေရင်…. တကယ့် အသိပညာတွေ သုံးပြီး ရေးနေတဲ့ ကဗျာဆရာကြီးတွေ ကို  အားမနာပ စော်ကားနေသလို ဖြစ်နေလိမ့်မယ်…..  ဒီလိုကွ….. ငါပြုံးမိတဲ့ အကြောင်းက ငါတို့လူမျိုးရဲ့ သမိုင်းနောက်ခံနဲ့ ငါတို့
ဘိုးဘွားဘီဘင်တွေ ရှင်သန်ခဲ့တဲ့  စိတ်ဓါတ်အဆင့်အတန်း တွေကို  ပြန်လေ့လာရင် ခုခေတ်လူတွေ ရှင်သန်လှုပ်ရှား ရပ်တည်နေမှု
တွေဟာ…..  ငါတို့ကို မွေးဖွားပေးလိုက်တဲ့ အဆင့်အတန်းမြင့်မားတဲ့  ဘိုးဘွားတွေရဲ့  ကိုယ်ကျင့်တရားတွေနဲ့  မြင့်မားတဲ့ စိတ်
ဓါတ်သိက္ခာတွေကို စော်ကားနေသလို  ဖြစ်နေတာကို တွေးမိလိုက်လို့ပါ…””

      “”အား….ကျော်ကြီးရ…မင်းပြောပုံအရဆို ငါတို့ ခုခေတ်လူတွေကပဲ  သမိုင်းနဲ့ လူမျိုးဂုဏ်ကို  ဖျက်နေသလိုကြီး ဖြစ်နေပီကွ….စွပ်
စွဲချက်တွေက ကြီးလှချည်းလား…. နည်းနည်းလဲ လျော့ပါဦးကွာ…””

     မိုးသူက မခံချင်သောလေသံနှင့်  ကျွန်တော့်အား ခပ်ဆတ်ဆတ် စကားနှင့် ပြန်ပက်လေ၏ ။ ငရဲကလည်း ထိုနည်းလည်းကောင်း
သော်လေသံနှင့်…..

   “”  အေးလေကွ ကျော်ကြီးရ…. ခုဆို အခြေခံ လူ့အခွင့်အရေးတွေ ဖော်ဆောင်မှုကို ဦးစားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုတောင် နိုင်ငံ
မှာ လက်တွေ့ကျင့်သုံးနေပြီပဲ…….. လူနေမှု အဆင့်နဲ့ ခေတ်အမြင်တွေကလည်း…..အရင်ဘိုးဘွးဘီဘင်ခေတ်တွေနဲ့ သွားနှိုင်းယှဉ်
လို့မရတော့ ဘူးလေကွာ….. ခုခေတ်က အိုင်တီခေတ်လေ…. ဂလိုဘယ်လ်လိုက်ဇေးရှင်း ခေတ်လေ….ကမ္ဘာကရွာကြီး ဖြစ်နေ ပြီလေ……””

         “”ဟားဟားဟား…ဟားဟားဟား….””

       ကျွန်တော်ငရဲ၏ စကားအဆုံးတွင်  အမှန်တကယ် သဘောကျလွန်းစွာနှင့်  ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိ၏..။

     “”ဟားဟား….. ဘာလဲကွာ  ဂလိုဘယ်လ်လိုက်ဇေးရှင်း ခေတ်ကြီးလို့ ပြောရအောင် ငါတို့မင်းတို့နေတဲ့ နိုင်ငံက အဲဒီ ဂလိုဘယ်လ် လိုက်ဇေးရှင်း အမြင်တွေ….. ဂလိုဘယ်လ်လိုက်ဇေးရှင်း အတွေးတွေကို  ကမ္ဘာနဲ့အတူ တန်းတူရည်တူ ပြည့်ပြည့်၀၀  ထိထိမိမိ ထိတွေ့သုံးသပ် ကိုင်တွယ်နေနိုင်လို့လား……. စနစ်တွေကော လူတွေကကော  မင်းပြောတဲ့ အိုင်တီ နည်းပညာကို  အတွင်းကျကျ လေ့ လာသုံးစွဲနေလို့လားကွ…. သုံးနေနိုင်လို့လားကွ….ဂျီတောပ့်လေး….ဆိုရှယ်လ်ဆိုက်လေး…ဖေ့စ်ဘုတ်နဲ့ ဘလော့စပေါ့ လောက်လေး ၀င်သုံးနေတာလောက်လေးနဲ့တော့  အိုင်တီဆိုတဲ့ စကားကို မစားရ၀ခမန်း မပြောသင့်ဘူးကွ..””

     “”အိုင်တီနည်းပညာဆိုတာ အကျယ်ကြီး…အဲ့အကျယ်ကြီး ကို ထုံးလိုချေ ရေလိုမနှောက်နိုင်တောင်… တော်တော်တန်တန် တီးမိ
ခေါက်မိနိုင်မှ  အိုင်တီခေတ်မှာနေတဲ့ အိုင်တီသမားလို့ ပြောလို့ရတာကွ……. နောက်ပြီး မဖြစ်ညစ်ကျယ် ကွန်နေရှင်းလေးနဲ့ မထိတထိ
ဝင်တိုးနေရုံလောက်နဲ့ အိုင်တီသမား မဖြစ်နိုင်သလို…မပွင့်တပွင့် စနစ်လေးနဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်း ရွာသားတွေပါလို့ ငါတို့မင်း
တို့ကို ပြောလို့မရဘူးကွ..””

       ငရဲအား ကျွန်တော် ပြောလိုက်သော စကားကို မိုးသူက မျက်မှောင်ကျုတ်ပြီး  အပြီးထိ နားထောင်နေရာမှ……..။

     “” ဟေ့ရောင်    ကျော်ကြီး   မင်းစကားကို ရှင်းရှင်းပြော  မင်း  ထွေလီကာလီတွေ စကားကို တန်ဆာဆင်ပြီး ချွေမနေနဲ့….ဒဲ့ပြော
ငါနားမလည်ဘူး….””  “” နောက် ငရဲတို့ မင်းတို့ ပြောသလို ဂလိုဘယ်လ်လိုက်ဇေးရှင်းတွေ  အိုင်တီတွေ ငါပြောနေတာ မဟုတ်ဘူး…
ငါမေးနေတာက ငါတို့ခေတ်လူတွေက  ရှေးဘိုးဘွားတွေရဲ့ စိတ်ဓါတ်အဆင့်အတန်းတွေနဲ့  ကိုယ်ကျင့်သိက္ခာတွေကို ဖျက်နေတယ်လို့
ပြောခဲ့တဲ့ စကားကို မေးနေတာ….ဂလိုဘယ်လ်တွေ အိုင်တီတွေ အိုင်ပီတွေ  ငါမမေးဘူး သိလဲ မသိဘူးကွ…””

     မိုးသူ၏ သူဆိုလိုချင်ရာကို အဖြောင့်အတိုင်း စကားအဖြေပြန်ပေးရန်  စကားဆိုသံ အဆုံးတွင်……

    “”ငါပြောမှာပါ….. မရည်ရွယ်ပဲ စကားလမ်းကြောင်းက ပြောင်းသွားလို့ပါ…..ဒီလိုလေကွာ…. ငါတို့ခုခေတ်လူတွေရဲ့စိတ်ဓါတ်အဆင့်
အတန်းနဲ့ လုပ်ရပ်တွေက  ငါတို့ လူမျိုးရဲ့ သမိုင်းအစက ကိုယ်ကျင့်သိက္ခာတွေကို ပျက်ဆီးစေပုံတွေက ပုံစံအမျိုးမျိုးပါပဲ…..ဥပမာ အနေနဲ့ အသေးအဖွဲ ကိစ္စလေးတွေ ဖြစ်တဲ့ ခရီးသွားကိစ္စလေးတွေကိုပဲကြည့်လေ…….အများခရီးသွား ကားပေါ်မှာ…ရထားပေါ်မှာ ..ကိုယ်နေရာရရင် ထိုင်ချင်သလို ဖြဲကားထိုင်….လူမမယ်ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်….ရဟန်းသံဃာတွေကိုလည်း နေ ရာပေးရစကောင်းမှန်း မသိ….ကိုယ်နေရာရရင် ပြီးရော.. ပရဟိတဆိုတာ မသိ….ကိုယ်ချင်းစာတရား မရှိတဲ့ ပုံစံမျိုးတွေ…ဘယ် သူသေ   သေ ငတေမာရင် ပြီးရော ပုံစံမျိုးတွေ….ဒီလို လူ့ကျင့်ဝတ်နဲ့ပါတ်သတ်တဲ့ အသေးအဖွဲ လူမှုဝန်ထမ်းစိတ်ကလေးတောင်မှ မရှိ တာ …တစ်ချိန်က အင်းဝခေတ်…ကုန်းဘောင်ခေတ်…ပုဂံခေတ် က လူတွေလို သစ္စာဆိုနိုင်လောက်သည်အထိ မြဲမြံတဲ့  လူတိုင်းမှာ မရှိမဖြစ် ကျင့်သုံးနေထိုင် စောင့်ထိမ်းအပ်တဲ့…. ငါးပါးသီလဆိုတဲ့ သီလတွေကိုခိုင်မြဲအောင်ဘယ်လို စောင့်ထိမ်းပြီး နေထိုင်နိုင် ကြမ လဲ…. ဘယ်လို  သူတို့လို စိတ်ဓါတ်အဆင့်အတန်းမြင့်ပြီး လူပီသအောင် နေနိုင်ကြမလဲ…..ရှေးဘိုးဘွားတွေရဲ့  မျိုးရိုးဂုဏ်ကို ထိမ်း သိမ်းစောင့်ရှောက်တဲ့  လူတွေဖြစ်ဖို့မပြောနဲ့  ဒီလို စိတ်ဓါတ်တွေကိုသာ ဆက်ပြီး ကျင့်သုံးနေကြရင် သာမန်လူစိတ်ရှိတဲ့  လူတွေ လို့တောင်  ပြောလို့မရတော့ဘူး မြတ်ကြီးရ..  မင်းပဲ ငါပြောတာ စဉ်းစားကြည့်လေ…””

  “”ဟေ့ရောင်  ဒါကတော့ မင်းက ရှေ့ခေတ်လူနေမှုပုံစံနဲ့ ခုခေတ် လူနေမှုပုံစံ တွေမှ မတူတာကိုကွ…အစစ အရာရာက ခေတ်အလိုက်
 ပြောင်းလဲလာပီလေကွာ…..ပြောင်းလဲလာတဲ့ ခေတ်အတိုင်း  ငါတို့က လိုက်ပါရှင်သန်ရမှာပဲလေ….. ငါတို့စိတ်တွေပါ လိုက်ပါ ပြောင်း
လဲ ရမှာပဲလေ…””

        “” ဟုတ်ပါတယ်….. ငါပြောနေတာ လူတွေကို ပြောနေတာပါ ငမိုးရာ….. ရုပ်ဝတ္တုပစ္စည်းတွေ  လူနေမှု ဘ၀တွေ တိုးတက်လာတာ
ကို  ငါပြောတာ မဟုတ်ပါဘူး…. လူတွေရဲ့ ဆုတ်ယုတ်လာတဲ့  လူကျင့်တွေကို ဆိုလိုတာပါ  ကိုယ်ကျင့်တွေ ပျက်ဆီးလာတာကို ပြောပြ
နေတာပဲ…..ကိုယ်ကျင့်တရားဆိုတာ….. ကိုယ်က ကျင့်ရတဲ့  အမှန်ဆိုတဲ့  မှန်ကန်သော အပြုအမူကို ပြုရတယ် ဆိုတာ ပြောတာပဲကွ
အေး…အဲဒီ့  အမှန်တရားဆိုတာကို  ပြုကျင့်တတ်တဲ့ သူမျိုးကိုမှ  လူမှန်လူစစ် လို့ ဆိုလို့ရတာပဲ…… ဒါတောင်နော်…ဒီ ကိုယ်ကျင့်တ
ရား ပြည့်စုံနေရုံလောက်လေးနဲ့တင်   တဆင့်မြင့်တဲ့  လူမျိုးဂုဏ်ကို မြှင့်တင်တယ်…. စောင့်ထိမ်းတယ်….စောင့်ရှောက်တယ် မခေါ်
သေးဘူး  ….အဲ့အတွက်ဆို ဒီထက်သော အသိအလိမ္မာနဲ့ စိတ်ဓါတ် အရည်အသွေးတွေ လိုသေးတယ်…..ဒီလိုပုံစံတွေနဲ့  ဒီလိုစိတ်ဓါတ်
တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ခုခေတ်လူတချို့ရဲ့  လုပ်ရပ် ပုံစံအမျိုးမျိုးတွေဟာ….. ငါဆိုလိုတဲ့ အတိုင်း  သမိုင်းအစဉ်အဆက်မှာ
ငါတို့မျိုးရိုးဘိုးဘေးတွေ နေထိုင်ရပ်တည်လာတဲ့  ….. စောင့်ရှောက်လာတဲ့ ကိုယ်ကျင့်သီလ မျိုးနွယ်သိက္ခာကို ဖျက်ဆီးနေသလို ဖြစ်
နေတာကို ငါပြောတာပဲကွ….””

       “”မင်း စဉ်းစားကြည့်လေ  ရှေးတုန်းက ရှိခဲ့တဲ့ ငါတို့ ဘိုးဘေးတွေလဲ  အသိညဏ်နဲ့ သွေးသားခန္ဓာကိုယ်နဲ့တည်ဆောက်ဖွဲ့စည်း
ထားတဲ့ လူတွေပဲ…..ငါတို့တွေလဲ  အသိညဏ်နဲ့ သွေးသားခန္ဓာကိုယ်နဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ လူတွေပဲ….ဘာများကွာလို့လဲ
…ဘာများညှိမရအောင် ထူးခြားကွဲလွဲနေတာ ရှိလို့လဲ….အေးးး ကွာသွားတာကိုရှာရင်… အဲ့ကွာသွားတာက တစ်ခုပဲ ရှိတယ်…အဲဒါ အသိညဏ်တွေပဲ….လူကလူလို မကျင့်တဲ့ အသိညဏ်တွေပဲ..ရှင်းရှင်းပြောရရင်တော့ကွာ…. ဆုတ်ယုတ်လာတဲ့ အသိတရားကို မမြှင့်တင်ကြပဲ   အဲ့မှားယွင်းတဲ့ရှိရင်းစွဲအသိတရားရဲ့ ဦးဆောင်မှုကို နာခံပြီး ငါတို့မင်းတို့နဲ့  လက်ရှိကာလက လူတွေက လိုက်လုပ် 
နေလို့ပဲ…… တကယ်ဆိုဖြစ်သင့်တာက သူလဲ ကိုယ့်လိုပါပဲလား….သူနာကျင်သလို ကိုယ်လဲ နာကျင်နိုင်ပါသလား…..သူထိခိုက်သလို ကိုယ်လဲ ထိခိုက်နိုင်ပါသလားဆိုတဲ့ စာနာတဲ့ ကိုယ်ချင်းစာတရားထားပြီး ကိုယ်ဟာ မျိုးနွယ်ကောင်း…..ရေမြေသယံဇာတ   ကောင်း တဲ့  နိုင်ငံကြီးမှ မွေးဖွား ကြီးပြင်းလာတဲ့ နိုင်ငံကြီးသားတွေ ဖြစ်တယ် ဆိုတာကို  နိုင်ငံသားတိုင်းမှာ အသိဆင်ခြင်တုံတရားထားပြီး လူလိုတွေး…လူလိုနေထိုင်ရပ်တည်သင့်တာပဲ မိုးသူ……..မင်းမှတ်ထားကွ…လူတစ်ယောက်ဟာ  အတန်းပညာတတ် သည်ဖြစ်စေ …မတတ်သည်ဖြစ်စေ…ဓနဥစ္စာ ကြွယ်ဝသည်ဖြစ်စေ..မကြွယ်ဝသည် ဖြစ်စေ..သူဌေးဖြစ်ပါစေ.. ဆင်းရဲသား ဖြစ်ပါစေ… အရေးမကြီး ဘူးကွ..လူဆိုတဲ့ တန်းညီ အဆင့်အတန်းက မကျသွားဘူး….မလျော့သွားဘူးကွ.…အေးဒါပေမယ့်  လူတစ်ယောက်ဟာ  ကိုယ်ချင်းစာ တရားလို့ ပြောတဲ့  တစ်ဖက်သားအပေါ် ထားရမယ့် စာနာမှုတရား ဆိုတဲ့ အခြေခံ လူကျင့်တရားတစ်ခုမရှိရင်တော့  အဲ့ကောင် ဟာ…အဲ့လူဟာ…လူဖြစ်ဖို့ မပြောနဲ့ အဟိတ်တိရိစ္ဆာန်တချို့လောက်တောင်  အသိနဲ့ အဆင့်အတန်း ရှိတယ်လို့ မခေါ်တော့ ဘူး ကွ…””

    ကျွန်တော့်၏ စကားအရှည်ကြီး အဆုံးတွင်  မိုးသူတစ်ချက် ငိုင်ဆင်းသွားလေ၏။ ကျွန်တော်တို့၏ လဘက်ရည် ၀ိုင်းလေးတွင်လည်း
ဆိုင်မှ ဖွင့်ထားသော သီချင်းသံစဉ်များမှ လွဲ၍ အတန်ကြာ စကားသံများ တိတ်ဆိတ် သွားလေသည်..။

     ထို အတန်ကြာ တိတ်ဆိတ်မှုကို  ပြန်၍ ဖြိုခွင်းလိုက်သူက ငရဲ ဖြစ်၏..။

      “” အင်း….. ကျော်ကြီးပြောတာ ငါလဲ စဉ်းစားမိပါတယ်…. ဒါပေမယ့် ကျော်ကြီးရ  ငါတစ်ခုတော့ ပြောမယ်…မင်းရဲ့ အထင်နဲ့ အမြင်စွဲချက်ဟာ လူတိုင်းကို  မစွပ်စွဲသင့်သလို…. ခုလို ဖြစ်နေတဲ့ လက်ရှိကာလ က လူတွေရဲ့  ကိုယ်ကျင့် ပျက်စီးမှုတွေဟာ လူတွေ…..တည့်တည့် ပြောရရင် ပြည်သူတွေချည်းပဲ မပြောသင့်ဘူးလေ…. ငါတို့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့  အစိုးရကိုလဲ ထည့်ပြောသင့်တာပေါ့ကွ….  သူတို့ ဖန်တီးတဲ့ ……သူတို့ အုပ်ချုပ်တဲ့  စနစ်ကြောင့်  လူတွေ ကိုယ်ကျင့်တရား မပျက်ချင်ပဲ ပျက်ရတာကိုလဲ  ထည့်ပြောဦးပေါ့ကွ….””

     ကျွန်တော်ငရဲ စကားအဆုံးမှာ တစ်ချက်ထပ်ပြီး ပြုံးလိုက်မိပြန်၏ ။ စားပွဲပေါ်တွင် မီးချစ်ကို တစောင်းတင်၍ ဖိထားသော ရွှေပြည်စိုး
ဆေးပေါလိပ်ကို ယူပြီး မီးညှိကာ တရှိုက်မက်မက် ဖွာ ထုတ်လိုက်သည်..။ ပြီးမှ…..

    “” ငရဲ  ငါပြောမယ် …ငါတို့လိုနေတာ မင်းအခုပြောလိုက်တဲ့  အတွေးတွေကြောင့် လိုနေတာပဲ…. တစ်ခုခု ဖြစ်တိုင်း တိုင်းပြည်အုပ်
ချုပ်တဲ့ အစိုးရ အပေါ်ကို လွှဲချတာ ငါတို့နိုင်ငံရဲ့ အမူအကျင့် အလေ့အထကြီးတစ်ခုလို ဖြစ်နေပြီကွ…တကယ်တော့ လူတိုင်းမှာ ထား
သင့် …..ရှိသင့်တဲ့  ကိုယ်ကျင့်တရားဆိုတာ ငါတို့ကို အုပ်ချုပ်တဲ့  အစိုးရနဲ့ လားလားမျှ မသက်ဆိုင်ဘူး…….. သူတို့တွေ ဘယ်လို
စနစ်ကို ချချ….ဘယ် လိုမှားယွင်းတဲ့ ဥပဒေကို လွှတ်တော်မှာ ပြုကြ ပြုကြ…. ဘယ်လို ပြုပြင်ပြောင်းလဲ မှုတွေကို လုပ်လုပ်….ငါတို့
လိုက်လုပ်ချင်မှ ဖြစ်တာ…. ငါတို့ လိုက်နာချင်မှ ဖြစ်တာ…. ငါတို့ဟာ အစိုးရ မဟုတ်ဘူး….ငါတို့ဟာ သူတို့ ချမှတ်တဲ့စနစ်မဟုတ် ဘူး..ငါတို့ဟာ သူတို့ရဲ့ မှားယွင်းတဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေ မဟုတ်ဘူး…. ငါတို့ဟာ ငါတို့ပဲ ဖြစ်တယ်…ငါတို့ စိတ်နဲ့ ငါတို့ လုပ်ရပ်ကို ငါတို့သာပိုင်တယ်…. ငါတို့သာ ငါတို့ကိုယ် ငါတို့ ပြုပြင်ပြောင်းလဲမှု  လုပ်နိုင်စွမ်းတယ်  ငရဲ…. မင်းကို ငါ အလွယ်ဆုံး သဘောပေါက်အောင် စကား ဥပမာ တစ်ခုပြမယ်….. ခု ငါဖြစ်ချင်တာကို  ပြောမယ် ငါဖြစ်စေချင်တဲ့ စိတ်ထဲက ဆန္ဒအတိုင်း  မင်းထ လုပ်မလား….လုပ်နိုင်မလား….မင်းရေမဆာတာကို… ငါ ရေဆာလို့ မင်းထသောက်လိုက်ပါကွာလို့ ငါခိုင်းတိုင်း မင်းထသောက် မလား ….””

             ငရဲ ကျွန်တော့်၏ စကားကို သေသေချာချာ စူးစူးစိုက်စိုက်နှင့်ကို နားထောင်နေသည်…။

     “”ငါ ထိုင်းကို နှစ်ခါရောက်ခဲ့ဖူးတယ် ငရဲ…. တကယ်ဆိုရင် ထိုင်းနိုင်ငံဆိုတာ …ငါတို့နိုင်ငံနဲ့ သမိုင်းမျိုးရိုးချင်းယှဉ်မယ်ဆိုရင်..ပြောပ
လောက်အောင်  ယှဉ်နိုင်စရာ သမိုင်းမရှိတဲ့ နိုင်ငံပါ….ကိုယ်ကျင့်သီလနဲ့ ယှဉ်မယ်ဆိုလည်း….သူတို့နိုင်ငံဟာ…ခေတ်အဆက်ဆက်
ဘာလုပ်ငန်းနဲ့ နိုင်ငံခြားငွေ ရှာသလဲဆိုတာ  မင်းတို့ ငါတို့ အပြင် တကမ္ဘာလုံးက သိကြပါတယ်….သူတို့ဟာ သူတို့နိုင်ငံသမိုင်းအစ..
ငါတို့နိုင်ငံ သမိုင်းအစလောက် မကောင်းခဲ့ပေမယ့် ….သူတို့ ခုကာလလူတွေ… နိုင်ငံသားတွေရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်မြှင့်တင်မှုတွေ
ကြောင့်  ရုပ်ဝတ္တဲ ပစ္စည်းတွေတင် မကဘူး…လူနေမှု အဆင့်အတန်းကော  စိတ်ဓါတ်အဆင့်အတန်းတွေကော….ခုချိန်မှာ ငါတို့နိုင်ငံ
ထက် အဆမတန် သာနေပြီ ငရဲ……. ဒီလိုပဲ ထိုင်းမှ မဟုတ်ဘူးနော်… စင်္ကာပူဆို…တစ်ချိန်က တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း
ပြုကြတဲ့ နိုင်ငံသေးသေးလေး…… ခု ဘယ်လောက်တိုးတက်နေပီလဲ….ဒီလို သူတို့နိုင်ငံတွေ တိုးတက်လာမှုတွေဟာ  နိုင်ငံစီးပွားရေး
နိုင်ငံ ရေမြေသယံဇာတကောင်း ဆိုတဲ့ ဒြပ်ဝတ္တုတွေနဲ့ ဘာမှ မဆိုင်ဘူး ငရဲ…..အဘက်ဘက် အရပ်ရပ်မှာ သူတို့နိုင်ငံသားတွေရဲ့ စိတ်
ဓါတ်နဲ့ လုပ်ရပ် အဆင့်အတန်းတွေ….အသိတရားတွေ…မြင့်မားတဲ့ အတွက်  သူတို့နိုင်ငံတွေဟာ ဥရောပနဲ့ ယှဉ်လို့ရတဲ့ တန်းညီ
အဆင့်ကို  ရ ရတာပဲ…””

       “” နေပါဦး ထိုင်းက ငါတို့ထက် ဘယ်လိုများ သာလို့လဲ…… အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတောင် အလွယ်တကူ ၀ါး
ရင်းတုတ်နဲ့ တက်သိမ်းတာ ခံခဲ့ရတဲ့ ဦးနှောက်မရှိတဲ့ ကောင်တွေက ဘာကိုများ ငါတို့ထက် သာလို့လဲ…””

          “” အေး  ဒါဆို…..မင်းသိအောင်  သူတို့တွေရဲ့ လက်ရှိ စိတ်ဓါတ်တွေနဲ့ လုပ်ရပ်တွေကို ငါလေ့လာခဲ့သလောက် နည်းနည်းပြော
ပြမယ်…သူတို့နိုင်ငံက ဈေးသည်တွေဟာ အချက်အခြာကျတဲ့ မြို့နေရာ အနှံ့အပြားမှာ ဖြစ်ဖြစ်….တောကြိုအုံကြား ဇနပုဒ်မှာ ဖြစ်ဖြစ်
သူတို့မိသားစု စီးပွားရေးနဲ့ စားဝတ်နေရေး အတွက် ဈေးရောင်းကြတယ်….ရောင်းတဲ့ ရောင်းကုန်တွေက အစုံပေါ့ကွာ….စားစရာ၊ လူ့
အသုံးအဆောင်၊ အ၀တ်အထည် ….အို အစုံပါပဲကွာ….အေး အဲ့ဒီအထဲကမှာ မင်းကို သူတို့ရဲ့ လမ်းဘေး အစားအသောက် ရောင်းတဲ့
ဈေးဆိုင်တစ်ဆိုင်ရဲ့ အကြောင်းကို သာဓကပြု ပြောပြမယ်….. အဲ့ဆိုင် ဈေးခင်းပြီး လမ်းဘေးမှာ ဈေးရောင်းနေချိန်မှာ  စားနေတဲ့ လူ
တွေရဲ့ အမှိုက် …… သူတို့ဆိုင် က အစားအသောက်ထုတ်လုပ်ရာမှာ ထွက်လာတဲ့ အပိုထွက် အမှိုက်တွေဟာ သူတို့ ဆိုင်ခင်းထားတဲ့
နေရာမှာ အမှိုက်ပုံး ထား  ထားပေမယ့်လည်း….လမ်းတ၀ှိက် ညစ်ပါတ်ရှုပ်ပွနေတာပဲ…..ဒါပေမယ့် အဲ့ဆိုင်သိမ်းလို့ မင်း အဲ့သူတို့ ဆိုင်ဖွင့်တဲ့နေရာမှာ  စားတဲ့လူတွေ ရောင်းတဲ့လူတွေ….ပြစ်ချခဲ့တဲ့ ရှုပ်ပွခဲ့တဲ့….အမှိုက်တွေ ရှိသလား မင်းသွားကြည့်…. ..ဘာဆို ဘာမှ ဘာအမှိုက်ဆို ဘာ အမှိုက်မှ  သူတို့ ဆိုင်ဖွင့်ခဲ့ရာ နေရာမှာ မရှိတော့ဘူး….ယုတ်စွှအဆုံး ဆီကွက်တစ်ကွက်တောင် လမ်းပေါ် မှာ မကျန် ခဲ့ဘူးကွာ……အဲ့ဒါ တို့နိုင်ငံမှာ လို  ….ဟဲဟဲဟဲ….တစ်ပါတ်တစ်ခါ စည်ပင်လာလှဲ ရက်နဲ့ ကြုံတယ် မထင်နဲ့နော်.. …သူတို့ ဘာနေသူတို့  သူတို့ ဆိုင်သိမ်းအပြီးမှာ  ကိုယ်တာဝန် ကိုယ် ယူတဲ့ လုပ်ရပ်အနေနဲ့ ပြန်လှဲသွားခဲ့တာ…””

              “” နောက်တစ်ခုက သူတို့နိုင်ငံမှာ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တဲ့သူမရှိတာပဲ….အေး…သောက်
ခဲ့သည် ရှိရင်လဲ….အဲ့ဆေးလိပ်သောက်ခွင့်ပေးထားတဲ့ နေရာကလွဲပြီး  ကန့်သတ်ဇုန်မှာ သောက်တဲ့လူကို ရဲကဖမ်းပြီး  ထောင်ချ
တယ်….ကလေးသူငယ်နားမှာ ဆေးလိပ်သောက်ရင်  ကိုယ့်ကလေးဖြစ်ဖြစ်…သူများကလေးဖြစ်ဖြစ်..ကလေးအနားသောက်တဲ့ကောင်
ကို  ထောင်ဒဏ်နဲ့ ငွေဒဏ် ပြစ်ဒဏ်(၂)ခုလုံး ကျခံစေတယ်….ဒီဥပဒေကို အစိုးရက တရားဝင်ဥပဒေပြုထားသလို….သူတို့နိုင်ငံသား
တွေကလည်း သူတို့ အသိစိတ်နဲ့ သူတို့ အလေးဂရုပြုပြီး လိုက်နာကြတယ်…””
 
          “”ခု  ငါတို့နိုင်ငံကိုကြည့်  ဆေးလိပ်မသောက်ရ ဥပဒေကို တရားဝင်သတင်းစာမှာ ပြဌာန်းပြီးထုတ်ထားတာ (၄)နှစ်ကျော်လောက်
ရှိပြီ….ဘယ်သူလိုက်နာသလဲ…. ဘယ်သူတွေက ဖိဖိစီးစီး အရေးယူကြသလဲ….တာဝန်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့ လူတွေကိုယ်တိုင်က
ဆေးလိပ်ကြီး မီးတရဲရဲနဲ့ ရထားပေါ်ပါလာတဲ့ စည်းမရှိကမ်းမရှိ အထုပ်တွေ  ချချင်ရာ ချထားတတ်တဲ့ ကုန်စိမ်းသည်တွေ..ဈေး သည်   တွေဆီမှာ အောက်ဆိုက်ရှာပြီး  ဓားပြလို ပိုက်ဆံလိုက်တောင်းတာ ငါတွေ့ခဲ့ရဖူးတယ်…””

         “” နောက်ပြီး ကိုယ်ဈေးရောင်းတဲ့ ဆိုင်ဖွင့်တဲ့နေရာက အမှိုက်တို အမှိုက်စ သိမ်းဆည်းလှဲကျင်းတတ်တဲ့ သူတို့ဈေးသည်တွေ
ရဲ့ အမူအကျင့်တွေကို  ငါတို့နိုင်ငံက ဈေးသည်တွေလဲ  လုပ်ကြသလား …မင်းလိုက်ကြည့်လိုက်  .. ငါတို့ဈေးရှေ့လမ်းက ငါးစို..
ငါးစိမ်း  ရောင်းတဲ့ နေရာမှာ သူတို့ဆိုင်သိမ်းရင် မင်းသွားကြည့်လိုက်  ငါးအကြေးခွံကစလို့…ငါးတစ်ကိုယ်လုံးက ပစ္စည်းပေါင်းစုံတွေ့
နိုင်တယ်…..ဒီကြားထဲ အဲ့အညစ်အကြေးတွေကို ခွေးလေခွေးလွင့်တွေက ဆွဲကြ…စားကြ…ကိုက်ကြ…အော်ကြ နဲ့ လမ်းတစ်လမ်းလုံး
ညစ်ပါတ်ပေကျံ ပွက်လောကို ရိုက်နေတာပဲ…..ဝေးဝေးမကြည့်နဲ့ တို့လမ်းထိပ်က လမ်းဘေးမှာ မနက်ပိုင်းထွက်တဲ့  မုန့်ဟင်းခါးဆိုင်
ကိုပဲကြည့်  ဆိုင်သိမ်းချိန်မှာ သူတို့ဆိုင်နဘေးဝန်းကျင် အမှိုက်လှဲခဲ့ဖို့ မပြောနဲ့ သူတို့ဆိုင်နဲ့မဆိုင်တဲ့ အမှိုက်စုတ် အမှိုက်ပျက်တွေ
သူတို့ဆိုင်အနီးအပါးမှာ တွေ့ရလိမ့်မယ်….အမြင်မတော်လို့ တွေ့တဲ့လူကလည်း သူတို့ကို သွားမပြောနဲ့ေ-ာက်ကြီးေ-ာက်ကျယ်တွေ
လာပြောတယ် ဆိုပြီး ….ပြောတဲ့လူကို ခုနှစ်သံချီဟစ်ပြီး  တုတ်ထဲ့လိုက်လိမ့်မယ်….””

         “”ဒါတွေက ဘာကိုပြသလဲ ဆိုရင်…ကိုယ့်ကျင့်သိက္ခာပြည့်စုံတဲ့  နိုင်ငံကြီးသား စိတ်ဓါတ်မရှိတာနဲ့ အထူးသဖြင့် ငါတို့တစ်ဝမ်း
တစ်ခါး စီးပွားရေးလုပ်ငန်းကြောင့် သူတစ်ပါးတွေ စိတ်အနှောက်အယှက် ဖြစ်ပါသလား…..ထိခိုက်နိုင်ပါသလား ဆိုတဲ့ ကိုယ်ချင်းစာတ
ရားမရှိတာကို ပြတာပဲ….. ကိုယ်ချင်းစာတရားဆိုတာ  ငါတို့ ဗုဒ္ဓဘာသာလူမျိုးတိုင်းအတွက်  အခြေခံကိုယ်ကျင့်တရားထဲက လူကျင့်တ
ရား တစ်ခုပဲ….မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့  ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ …..မင်းပြန်လေ့လာကြည့်
ရင်တွေ့ရလိမ့်မယ်…….ကိုယ်ချင်းစာတရားကနေသာ…စေတနာ မေတ္တာ  ဂရုဏာ  မုဒိတာ ဆိုတဲ့ သူတော်ကောင်းတရားလေးပါးဟာ
 မွေးဖွားလာတာပဲ….အဲ့ အခြေခံ ကိုယ်ကျင့်တရားမှမှရှိရင်…သူတော်ကောင်းတရား(၄)ပါးလဲ ဆက်မဖြစ်လာနိုင်တော့သလို…ခန္တီဆိုတဲ့
သည်းခံခြင်းတရားလဲ ရင်ထဲကိန်းအောင်းတဲ့ လူတစ်ယောက်ဖြစ်မလာနိုင်ဘူး….သတ္တ၀ါတွေအပေါ် မေတ္တာတရားလဲ ကောင်းကောင်းမွန်
မွန် ထားနိုင်ကြမှာ မဟုတ်ဘူး…””

      ကျွန်တော်……စကားအဆုံးမှာ ခုံပေါ်တွင် ငှဲ့ထားသော အလွန်ကြာပြီဖြစ်သည့် ရေနွေးကြမ်းခွက်ကို ယူကာမော့သောက်လိုက်၏..။

   “”ဒါဆို ကျော်ကြီး မင်းကိုငါ စကားမစပ်လို့ တစ်ခုမေးမယ်ကွာ…..ခု ငါတို့အိမ်နားက အဘိုးကြီးတွေ ဥပုဒ်နေတိုင်း တရားစခန်းသွား
တယ်….  ဥပုဒ်နေ့မဟုတ်တဲ့  နေ့လည်ဘက်ဆို..မိုးကုတ်တရားတွေ ဖတ်ကြ နာကြပြီး တရားဆွေးနွေးကြတယ်…ဒါပေမယ့် ဒီအဘိုး
ကြီးတွေ ညနေတိုင်း ဘီယာဆိုင်မှာ ဘီယာ သွားသောက်ကြတယ်…ပြီးတော့  သူတို့ ပြောတာ ငါကြားမိတယ်..ဘီယာသောက်လဲ တ
ရားကိုသာ ဖိဖိစီးစီးရှာ ဖိဖိစီးစီး အားထုတ် တကယ်တရားရတယ်…နိဗ္ဗာန်ရောက်နိုင်တယ်လို့ ပြောကြတယ်  အဲ့ဒါဟုတ်သလား..””

       “”ဖွတ်!!!!!!!!!!!!!!!!!!!!!!သွားစမ်းပါကွာ….. မိုးသူရာ အဝေးကြီး…အဝေးကြီးမှ တကယ့်ကို အဝေးကြီး…မင်း ဆရာကြီးဓမ္မာစရိယ ဦး
ဌေးလှိုင် ရေးထားတဲ့  “”ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ “” စာအုပ်ရဲ့ အဖွင့်နိဒါန်းမှာပါတဲ့  စာကိုသွားဖတ်ကြည့်…..မြတ်စွာဘုရားသခင်ကိုယ်
တော်မြတ်ကြီး ဟောဖော်ညွှန်းကြားခဲ့သော သစ္စာလေးပါး အဘိမ္မာတရားတော်တွေကို ကျင့်ကြံရာမှာ  မေတ္တာ  သစ္စာ  သီလ ဆိုတဲ့ သုံး
ချောင်းထောက် အခံတရားရှိပါမှ အစရှိပြီး လူကခံနိုင်ရည်အင်အားကောင်းကောင်းနဲ့  ၀ိပဿနာတရားကို ပွားများ အားထုတ်နိုင်မယ်တဲ့
…..နိဗ္ဗာန်ရောက်မယ် မပြောဘူးနော်…..အဲ့သစ္စာ  မေတ္တာ သီလ တရား(၃) ပါး အခြေခံရှိမှ တရားကိုစ အားထုတ်နိုင်မယ်လို့ပဲပြောထား
တာ….ခု ဒီအထဲကမှ သူရာမေရ ဆိုတဲ့ ဘာဝနာတရားအားထုတ်ရာမှာ မရှိမဖြစ်စောင့်ထိမ်းရမယ့်  သီလကံတစ်ပါးကို ဖောက်မှတော့
အဲ့ အဖိုးကြီးတွေ ဘယ်ဘုရားဟောခဲ့တဲ့ တရားကိုမှ ဖိဖိစီးစီးပဲကျင့်ကျင့်  ပျော့ပျော့ပျောင်းပျောင်းပဲကျင့်ကျင့် တရားမရဘူး….
နိဗ္ဗာန်မရောက်ဘူး….””

       “”ကြုံလို့ ပြောလိုက်ဦးမယ်…ငါတို့  လူ့အန္ဓတ တွေကလေ….ကိုယ်လုပ်ချင်ရာကို လုပ်ဖို့အတွက်  ဘုရားဟောတရားတွေကို အ
ကုသိုလ် အများခံပြီး  လိုရာဆွဲပြောနေကြတာကွ…….ဘာလဲ ငါကြားခဲ့ဖူးတာ  ၀ိသာခါ ကျောင်းအမကြီးလို သောတာပန် ဖြစ်နေတဲ့ သူ
တောင် ယောကျာင်္းတွေနဲ့ ခြင်ထောင်ထဲအိပ်သေးတာ   ငါတို့က သူလောက်တော့ မဖြစ်တဲ့ အတွက် လွယ်လွယ်သောတာပန် ဖြစ်နိုင်
တယ်……သရဏဂုံ မြဲရင်….အရက်သမားတောင် နတ်ပြည်ရောက်သတဲ့  ငါတို့က သူလောက်မဆိုးသေးဘူး (၃)ဘ၀ပြတ် သောတာပန်
လောက်တော့ ဖြစ်မှာပဲ..လုပ်တယ်ကွာ ဆိုပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့  အဖိုးဖြတ်မရတဲ့ ဒေဿနာတော်တွေကို လိုရာဆွဲသွင်း
ပြောနေကြတာတွေ ငါကြားခဲ့ဖူးတယ်  မိုးသူ…… ၀ိသာခါကျောင်းအမကြီး  သောတာပန်ဖြစ်တာ သူရဲ့ အတိတ်ဘ၀က ကျင့်ကြံခဲ့တဲ့
ပါရမီကံရယ်….သူတောင်းခဲ့တဲ့ ဆုတောင်းရယ်….သူလက်ရှိရတဲ့ ကာလက ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှား ရှိနေတာနဲ့
တွေ့ကြုံခဲ့ရတာကြောင့်ပဲ…….နောက်ပြီး ယောကျာ်းတွေနဲ့ ခြင်ထောင်ထဲ အိပ်တယ်ဆိုတာလဲ..သူ့လင်နဲ့ သူအိပ်တာပဲလေ…သစ္စာ
လေးပါးတရားထူးကို အားထုတ်တဲ့အခါ  မရှိရှိအောင်လိုက်နာရမယ့်  သစ္စာ မေတ္တာ သီလ ဆိုတဲ့ စောင့်ထိမ်းရမယ့် အရာတွေကို ချိုး
ဖောက်တာမှ မဟုတ်တာပဲ….””

       “” ဒီလိုပဲ   အရက်သမား နတ်ပြည်ရောက်ရတာကလဲ ၀ိပဿနာ ရှု့မှတ်လို့မှ မဟုတ်တာ ….ဘာဝနာစီးဖြန်းလိုမှ မဟုတ်တာ…..
သူ့ဟာသူ ဗုဒ္ဓဘာသာ လူမျိုးတိုင်းအတွက် အဓိကအသက်ဖြစ်တဲ့ သရဏဂုံ(၃)ပါးကို သေသည်အထိနှလုံးသွင်း စောင့်ထိမ်းခဲ့လို့ပဲလေ
“”သူ့ကို ဘုရား ဘုရား မဟုတ်ပါဘူး…တရား တရား မဟုတ်ပါဘူး…သံဃာ သံဃာ မဟုတ်ပါဘူး “” လို့ပြောဆိုပြီး သိကြားမင်းက လာ
စမ်းတာကို သူ ဘာစည်းစိမ်မှ မမက်မောတဲ့ စိတ်နဲ့  မပြောပဲနေခဲ့လို့  လူတို့ သေလွန်ပြီးသွားရာဖြစ်တဲ့  သုဂတိ(၅)ဘုံ ထဲက အမြင့်
ဆုံးဘုံကို  သူရောက်ရတာပဲ…. ဒီ ငရဲ..တိရီစ္ဆာန်..ပြိတ္တာ..လူ…နတ် ဆိုတဲ့ လူတွေ သတ္တ၀ါတွေ သေလွန်ပြီးနောက် ရောက်ရတဲ့  ဘုံတွေ
ကို  ရောက်ကြရတာ သစ္စာလေးပါးတရားကို အားထုတ်တယ်ဆိုတဲ့ ဘာဝနာနဲ့ ဘာဆိုင်သတုန်း…..ဒါန  သီလ ဆိုတဲ့ ကျန်နှစ်ပါးနဲ့ပဲ
ဆိုင်တာလေ……ဒါကို လူတွေက သူတို့လုပ်ချင်ရာကို စိတ်လွတ်ကိုယ်လွတ် လုပ်ဖို့အတွက် တချို့က မသိလို့ တချို့က သိရက်နဲ့ မ
ဟုတ်တမ်းတရား ရသေ့စိတ်ဖြေစကားတွေနဲ့ ရဲဆေးတင်းနေကြတာပါ…အကုသိုလ် အလကားယူနေကြတာပါ….တကယ်တော့ အဲလို
အပြောတွေက ဘုရားဟောတရားတွေ အားထုတ်တာနဲ့ မဆီလေရယ်တဲ့ မဆိုင်တာမှ လုံးဝမဆိုင်ပါကွာ…””

     ကျွန်တော် စကားအရှည်ကြီးကို မမောတမ်း ပြောချလိုက်ပြီးနောက်  စားပွဲခုံပေါ်မှ အေးစက်စက် ဖြစ်သွားပြီး ဖြစ်သော လဘက်ရည်
ခွက်ကို  ဆွဲယူပြီး တကျိုက်ထဲ မော့ချလိုက်၏..။

        “”ကျော်ကြီး မင်းလေ့လာမှုနဲ့ မင်းရဲ့ အတွေးအခ်ါတွေကို တကယ်လေးစားတယ်ကွာ  ဦးညွှတ်ဆိုလဲ တကယ့်ကို ငါတို့ မင်းကို
ဦးညွှတ်ပါတယ်…””

   ကျွန်တော်   ငရဲ၏  ကျွန်တော့်ကို ချီးကျူးထောပဏာ ပြုလိုက်သော စကားကို  ခပ်ပြုံးပြုံးလုပ်ကာ နားထောင်ပြီး……….

    “”ငရဲ  ငါ့ကို  ဒီလို မင်းတို့တွေကို ပြန်ပြောပြနိုင်လို့ မလေးစားနဲ့ ငါဘာကောင်မှ မဟုတ်ဘူး…ဘာဦးညွှတ်လောက်စရာ အဆင့်မှလဲ
မရှိဘူးငရဲ…… အေး မင်းလေးစားချင်ရင်…မင်းဦးညွှတ်ချင်ရင်….ငါတို့ စာဖတ်သူတွေကို အသိပညာတွေတိုးအောင် ဗဟု ဆိုတဲ့ လေ့
လာခြင်း…သုတ ဆိုတဲ့ ဆည်းပူးခြင်းတွေကို  သူတို့ရေးတဲ့ စာအုပ်တွေထဲမှာ ထဲ့သွင်းရေးသားခဲ့တဲ့  ဆရာတော် ကြီးတွေနဲ့ စာရေး
ဆရာကြီးတွေကိုသာ လေးစားဦးညွှတ် ငရဲရေ……ငါ့ကိုတော့ ဖယ်ထားဟ……ခုအသက် (၃၀)ကျော်အရွယ်အထိတောင် ငါ့ကိုယ်ငါ
ငါဟာ ဘာကောင်ဖြစ်နေသလဲ ဆိုတာ သိအောင် မဝေခွဲနိုင်သေးဘူး…””

  “”  လောကမှာ အခက်ခဲဆုံးသော မေးခွန်းက ကိုယ့်ကိုကိုယ် ဘာကောင်လဲ ဆိုတာ ပြန်စမ်းစစ်ဖို့ မေးရတဲ့ မေးခွန်းပဲ ငရဲရေ..””

     “” ကဲ ဆယ်နာရီ ထိုးနေပြီ…..ငါလစ်ပြီ  လက်ဘက်ရည်ဖိုးတော့ ဒီနေ့မနက် မင်းတို့ပဲ ရှင်းလိုက်တော့ မနက်ဖြန်မနက် ငါပြန်ရှင်း
မယ်…””

     ကျွန်တော် ပြောလဲပြော  စားပွဲခုံစွန်းတွင်တင်ထားသော လွယ်အိတ်ကို ဆွဲပြီးထကာ မိုးသူနှင့်ငရဲရှိရာ လက်ဘက်ရည်ဆိုင်ကို ကျော
ခိုင်း၍ ကိုယ့်ကိုကိုယ်ဘာကောင်ဖြစ်သည်ကို သတ်မှတ်နိုင်ရန်အတွက် တစ်နေ့တာ အချိန်ခရီးကို ရင်းနှီးအသုံးချဖို့ ရောင်စုံမျက်နှာများ
နှင့် အသွင်ပြောင်းလူများရှိရာသို့  ထွက်ခွာခဲ့လိုက်ပါတော့သည်…..။

                 ကကြီး။(၂၈.၂.၂၀၁၃)
                http://kagyi13.blogspot.com/

 

In: ဆောင်းပါး Posted By: Date: Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment