Professional Authors

PoemsCorner Authors

အဝေးကကြယ်

ညတစ်ညရဲ့ အလှတရားကိုပုံဖော်ပေးနေတဲ့ ………ဟိုး…….ကောင်းကင်ပေါ်က

တစ်လက်လက်တောက်ပနေတဲ့ ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ့ မိတယ်……….

ညရဲ့ အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ့ ညဆိုရင်အတိုင်းထက်အလွန်ပေါ့…

ကြယ်ကလေးတွေကသူတို့ ရဲ့ ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ့ ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်…

အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ်

ပင်လယ်ပြင်ထဲစမ်းတ၀ါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်…

သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ့ စုတ်ချက်ပေါင်းများစွာကိုပေးတယ်…

ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်…

သိပ္ပံပညာရှင်တွေအတွက်လေ့ လာမှုပေါင်းများစွာကို  ဖြစ်စေတယ်…

ဘာလို့ လဲဆိုတော့ မြေပြင်ပေါ်ကနေကောင်းကင်ကိုမော့ ကြည့်မိတဲ့ အခါ…တလက်လက်တောက်ပနေ တဲ့ 

ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို့ ပဲ…

နေရောင်လောက်မတောက်ပပေမဲ့ (အလင်းမရပေမဲ့ )လရောင်လောက်မကျယ်ပြန့် ပေမဲ့ ..

စိတ်ခံစားမှုပေါင်းစုံကိုတော့ ပေးစွမ်းနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်…

အထီးကျန်ဆန်တဲ့ အခါ ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ့် မယ်…

သူတို့ ကိုသင်စကားပြောကြည့်ခဲ့ ဖူးပါသလား???

ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော့ သင့်ကိုရူးတယ်လို့ ပြောချင်ပြောလိမ့်မယ်…

ဒါပေမဲ့ သူကလူတွေထက်နှုတ်လုံတယ်ဗျ……………………

အဲလိုရူးတယ်လို့ ပြောတဲ့ သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ့ သူတွေ…

ကြယ်တွေနဲ့ စကားမပြောနိုင်လောက်အောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ သူတွေအများစုဖြစ်နေနိုင်တယ်…

ကြယ်ကလေးတွေကိုပုံဖော်ကြည့်ပါ…သူတို့ ဟာမပြောင်းလဲပဲအမြဲတမ်းကြယ်စုတစ်စုအဖြစ်ရှိနေလိမ့်မယ်…

ကြယ်လေးတိုင်းမှာနာမည်ရှိတယ်ဗျ…လူတွေလိုပဲပေါ့…ပြီးတော့ သမိုင်းကြောင်းလဲရှိနေတယ်…

နတ်ဒေ၀ါတွေကလူတွေရဲ့ ရာသီခွင်တွေကိုကောင်းကင်မှာကြယ်စုလေးတွေနဲ့ ပုံဖော်ပေးခဲ့ ကြတယ်…

ကွှန်တော်တို့ နေထိုင်တဲ့ စကြာဝဠာကြီးထဲမှာကြယ်စင်ပေါင်းကဠေနှစ်သန်းကျော်လောက်ရှိတယ်တဲ့ …

မထူးဆန်းလွန်းဘူးလား…ဒါတောင်နဂါးငွေ့ တန်းလို့ ခေါ်တဲ့ ကြယ်စုတစ်စုထဲမှာပဲရှိနေတာနော်….

စကြာဝဠာကြီးတစ်ခုလုံးသာဆိုဘယ်သူမှမေ၇မတွက်နိုင်ဘူး…

ဓူဝံကြယ်၊ကြယ်တံခွန်၊ခုနှစ်စဉ်ကြယ်တို့ ကိုလူတိုင်းသိကြမှာပါ…

ခွန်စံလောနဲ့ နန်းဦးပြင်ကတော့ ကွှန်တော်တို့ ရဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပေါ့…

အခုထိရှမ်းပြည်နယ်ဘက်မှာသူတို့ ရဲ့ အုပ်ဂူတွေရှိနေသေးတယ်လို့ 

ကျွန်တော်ကြားသိခဲ့ ရတယ်…

ဘယ်လောက်အံသြစရာကောင်းလိုက်လဲလို့ …

ဒီလိုပဲအချစ်နတ်သမီးလို့ တင်စားခေါ်ဝေါတဲ့ venus(သောကြာ)ကြယ်ပေါ့

ဒီကြယ်လေးမှာလဲဝမ်းနည်းစရာဇတ်လမ်းလေးတွေရှိနေပြန်ပါသေးတယ်…

ဘယ်သူတွေဘယ်လိုပြောပြောကျွန်တော်အတွက်တော့ ကြယ်လေးတွေဟာစိတ်ခံစားမှုပေါင်းစုံပေးနေတော့ တာပါပဲ………..

ညဆိုရင်ကြယ်လေးတွေနေရာယူတာကိုစောင့်ကြည့်သည်…ပထမဆုံးထွက်သည့်ကြယ်လေးကိုဆုတောင်းသည်..

ကြယ်တွေကြွေကျရင် စိတ်မကောင်းဖြစ်သည်………….

သူတို့ ရွေ့ လျားသွားလာတာကိုကြည့်သည်…….

သူတို့ ကိုရင်ဖွင့်သည်……

သူတို့ ကကျွန်တော်ပြောသမျှကိုတစ်လက်လက်နဲ့ စိတ်ဝင်တစားနားထောင်တယ်လေ……..

ပြီးတော့ အတွေးတွေဖြန့် ကျက်ပြီးကဗျာရေးသည်…

သီချင်းရေးသည်…

ဂီတာတီရျွ်သီချင်းဆိုသည်…….

အရမ်းကြည်နူးဖို့ ကောင်းလိုက်တာ ဗျာ………

ကျွန်တော်ကြယ်လေးတွေလိုဖြစ်အောင်ကြိုးစားနေမိတယ်…

ကြယ်ကလေးတွေကသူတို့ ကြွေကျခဲ့ တာတောင်နောက်နေ့ကောင်းကင်မှာပြန်ပြီးနေရာယူနိုင်တယ်လေ………

ကွှန်တော်လဲသူတို့ ကိုကြည့်ပြီး လဲရင်ပြန်ထနိုင်ခဲ့ သည်…………

ကျွန်တော့်နာမည်အတိုင်းကြယ်ရောင်လိုလင်းနိုင်ဖို့ ………

သူတို့ ကိုအတုယူခဲ့ တယ်………

ကျွန်တော့်ပတ်ဝန်းကျင်မှာရှိသမျှလူတွေအတွက်…

အကျိုးရှိဖို့ …ပျော်ရွှင်ဖို့ ….

သူတို့ ကိုပြုံးပြဖို့ ကျွန်တော်ကြိုးစားနေတယ်……

ဒါပေမဲ့ ………..ကြယ်ဆိုတာက…….

လူတွေအတွက်နေရာအမျိုးမျိုးကအကျိုးပေးနေပေမဲ့ ….

သူကိုယ်တိုင်ကတော့ မီးဝင်းဝင်းတောင်လောက်နေခဲ့ တာမဟုတ်လား……..

သူရဲ့ မှုံပြပြအလင်းရောင်လေးကိုလူသားတွေမြင်နိုင်ဖို့ 

ခံစားနိုင်ဖို့ အတွက်…

သူကိုယ်တိုင်အလောင်ကျွမ်းခံရင်းစတေးနေခဲ့ တာ………………………………….

တကယ်ပါ………ကျွန်တော်ကြိုးစားနေမိဦးမှာပါ……………….

ကျွန်တော်ကိုယ်တိုင်အလောင်ကျွမ်းခံပြီးလူတစ်ယောက် ကျွန်တော့်ကြောင့်ပြုံးနိုင်ရင်ပဲ……………………………..

ကြယ်တစ်ပွင့် ရဲ့ နှလုံးသားလို………………………………..

ကျွန်တော်ပျော်ရွှင်နေမိမယ်ဆိုတာကတော့ ……………..သိပ်ကိုသေချာပါတယ်

                                                                                              8း05 PM

                                                                                              20.9.11(Tue)

                                                                                              ကြယ်ရောင်လင်း

In: ဆောင်းပါး Posted By: Date: Apr 12, 2012
Comment #1

ကျွန်တော်ကိုယ်တိုင်အလောင်ကျွမ်းခံပြီးလူတစ်ယောက် ကျွန်တော့်ကြောင့်ပြုံးနိုင်ရင်ပဲ……………………………..

ကြယ်တစ်ပွင့် ရဲ့ နှလုံးသားလို………………………………..

ကျွန်တော်ပျော်ရွှင်နေမိမယ်ဆိုတာကတော့ ……………..သိပ်ကိုသေချာပါတယ်
။။။။။။။။။။။။။။။။။။။။။။
နှစ်သက်စွာထပ်တူခံစား…အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲ မိုး at Apr 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11428)
  • အသဲကွဲမိုး (2688)
  • May Kha (1979)
  • poem.poem28 (1697)
  • လုလင်ငယ်သွေး (1112)