Professional Authors

ကျန်းမာရေး

ကျနော် အခုတစ်လော စာအရမ်းရေးချင်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲတော့ မပြောတက်ဘူး။

လူတစ်ကိုယ် စိတ်တစ်မျိုးပဲလေ။သက်သက် အရူးထတာလဲ ဖြစ်နိုင်တယ်။ ကိုယ်တိုင်က စာရေးဆရာ

လဲမဟုတ် အတွေး အမြင်သမားလဲ မဟုတ်တဲ့ အတွက် ဘယ်လို အကြောင်းအရာတွေကို၊

ရေးရမယ်ဆိုတာ နားမလည်ဘူး။သေသေချာချာ ပြောရရင် ဘယ်လို အမြင်များကြောင့်

ဒီလို ဆန္ဒတွေ ပျင်းပြရလဲတော့ မပြောတက်ပါဘူး။

စိတ်ထဲမှာတော့ လေးလေးနက်နက် အကြောင်းအရာ တစ်ခုက တကယ်ရှိခဲ့ပါတယ်။

ဘာလဲဆိုတော့ ကျန်းမာရေးဆိုသော အကြောင်းအရာပါ။ကျန်းမာရေးကို

သင်ဘယ်လို နားလည်သလဲ ၊ ဘယ်လို ခံစားမိလဲ၊ ဘယ်လောက် အလေးအနက်

ထားလဲ၊သင်ကိုယ်တိုင်ကော စဉ်းစားဖူးပါသလား။ကျနော် ကိုယ်တိုင်တောင် စဉ်းစားမိတာ

(သတိထားမိတာဆို ပိုပြီးမှန်လိမ့်မယ်) သိပ်မကြာသေးပါဘူး။

မိတ်ဆွေအပေါင်းတို့ ခင်ဗျာ ကျနော် ဘာတွေ သတိထားမိတယ် ထင်ကြပါသလဲ။

သေခြင်းတရားဆိုတဲ့ ကိစ္စက စပြောရလိမ့်ထင်တယ်။

လူတွေဟာ တစ်နေ့မှာ မလွဲမသေ သေကြရမယ်ဆိုတာ နားလည်ထားကြပါတယ်။

လူမှန်းသိတက်စ အရွယ်ကတဲက ဆိုရင် သေခြင်းဆိုတာ ဘယ်လို အကြောင်းအရာ၊

ဘာကို ပြောတာ၊ဘာလို အကောင်ကြီးမှန်း မသိပါဘူး(ကျနော အပါအ၀င်ပေါ့)

ငယ်ငယ်တုန်းကဆို လူတစ်ဦးတစ်ယောက် သေတယ်လို့ လူကြီးတွေပြောရင်

ကျနော် အမေကို မေးမိတယ်။”အမေရယ် သေတာဆိုတာ ဘာကိုပြောတာလဲ”လို့၊

 မေးမိတိုင်း အမေက “သားရယ် သေတယ်ဆိုတာ

သေတယ်ပေါ့ ၊ နားလည်အောင် ပြောရရင် သားတို့ အမေတို့လို အသက်ရှူမနေတော့ဘူး၊

အစာတွေ စားလို့ မရတော့ဘူး၊ လမ်းလျောက်လို့ မရတော့ဘူး၊

သွားသွား လာလာ မလုပ်ပဲ မနိုးသော အိပ်ခြင်းနဲ့ အိပ်သွားတာပေါ့ သားရယ်” လို့

ကျနော်မေးတိုင်း အမေပြောပြဖူးပါတယ်။

အရွယ်ရောက်လာတော့ ပိုပြီးတော့ နားလည်လာတယ်။သဘောပေါက်လာတယ်။

လူကြီးတွေ သိသလို သိလာတယ်ပေါ့ဗျာ။အဲဒီလိုပဲ ဖြတ်လိုက်တော့မယ်။

နောက်မဆို လိုရင်းရောက်တော့မှာ မဟုတ်ဘူး။

ကျန်းမာရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ကိုယ်လိုချင်တဲ့၊

ကိုယ်လုပ်ချင်တဲ့၊ဆန္ဒတွေ ၊ ရည်ရွယ်ချက်တွေ ၊ လုပ်ဆောင်နိုင်အောင် ကျန်းမာရမယ်ဆိုတာ

သင်ရော ကျနော်ရော နားလည်ထားတဲ့ ကိစ္စပါ။သေခြင်းအကြောင်း စပြောရတာက

မိမိ၏ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ပဲ နောက်ဆုံး ရုတ်တရက်

သေဆုံးနေကြတာ သတိထားမိလို့ပါ။

ဆရာဝန်မဟုတ်တဲ့အတွက် ဆရာဝန်တွေလို ကျန်းမာရေးနဲ့ ပက်သက်ပြီး နားမလည်တာတော့

အမှန်ပါ။ထို့ကြောင့် အမှားအယွင်းဖြစ်မိရင် ဒီနေရာကပဲ တောင်းပန်ပါတယ်။

အထူးသဖြင့် ကျနော် ပြောချင်တာက သွေးတိုးရောဂါပါ။

အချို့သော မိတ်ဆွေများဆိုရင် မိမိကိုယ်တိုင် သွေးတိုးရောဂါ ရနေခြင်းကို မသိလိုက်ပဲ၊

သတိမထားမိပဲ လူလောကကြီးကနေ စောစီးစွာ ထွက်ခွာသွားကြလို့ပါ။

သူငယ်ချင်းတစ်ယောက်၏ အဖေဆိုရင် မနေ့ကတွေခဲ့တယ် ၊ ဆေးဝယ်နေလို့

ဒီနေ့ရောက်တော့ ဆုံးသွားတယ်လို့ သတင်းကြားရတယ်။

အော် တကယ်ပါ၊စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်း၊ မယုံကြည်နိုင်ဖြစ်ရခြင်း

သံဝေဂ ရခြင်းများနဲ့ ဝေခွဲလို့ မရနိုင်တဲ့ အဖြစ်။

ရုတ်တရက်နှင့် နှုတ်ဆက်သွားသော မိတ်ဆွေးများအား သတိရလျက်ပါ။

ယနေ့ထက်တိုင် တစ်ချို့ မိတ်ဆွေများဟာ သွေးတိုးရောဂါနှင့် မတည့်သော

အစားအစာများကို ခုန်မင်စွား စားသောက်နေကြဆဲ။

သွေးတိုးရောဂါသည် လူကို ရုတ်တရက် သေစေနိုင်သော ရောဂါတစ်ခုပါ။

(ဆေးပညာတွင် မည်သို့ သတ်မှတ်ထားသည် မသိ)

ဘယ်အချိန်ရောက်လာမည် မသိရသော ရောဂါဆိုး တစ်ခု။

မြတ်စွာဘုရား ဟောကြားထားသော တရားစကားများထဲမှာ “အသက်ကို ဥာဏ်စောင့်၏”တဲ့၊

လူတွေ နှုတ်ဖျားမှာတော့ “သေချင်လို့ပါကွာ” “ကံကုန်လို့ပါ” စသည်ဖြင့် ပြောနေတုန်း။

အသက်ကို ကံစောင့်မည်လို့ ကျွန်ုပ် မထင်ပါ။

ကံဆိုသော မမြင်နိုင်သော အကြောင်းအရာအတွက် ကံကို ယုံရ်ျ ဆူပုံ မနင်းစေချင်ပါ။

မမြင်နိုင်သော ကံတရားအတွက် ရောဂါနှင့် မတည့်သော အစားအစာများကို

(သေချင်တဲ့ အချိန်သေမှာပဲ၊ မသေခင် စားရမှာ၊ သေရင် စားရမှာ မဟုတ်ဘူး)ဆိုတဲ့

စကားတွေနဲ့ နေချင်သလို နေထိုင်ကြမည်လော။

ရောဂါနှင့် မအပ်စပ်သော ၊ လူကို ဒုက္ခပေးနိုင်သော ကိစ္စများကို မဆင်မခြင်

လုပ်နေလို့ သင့်အတွက် အကျိုးရှိပါ့၏လား?

ထို့အတူ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း နှင့် အထွေထွေသော

မကောင်းမှုများကလဲ သင့်ကျန်းမာရေးအတွက် ကြီးမားစွာ ဒုက္ခပေးနိုင်ပါတယ်။

နောက်ပြီးတော့ “ကောင်းတော့ မကောင်းမှန်းသိတယ် ဒါပေမယ့် ငါကြိုက်တယ်ကွ”

“ဘုရားက မကောင်းဖူးပဲ ပြောတာ ၊ မလုပ်ဖို့ မပြောဖူကွ” လို့ ဆိုတဲ့

ရယ်စရာ စကားများကလဲ အများကြီး၊ အများကြီးပါ။

ဒီစာပါ အကြောင်းအရာများသည် လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်နိုင်သော

ကိစ္စများအား မိတ်ဆွေများ အရှင်းမလုပ်ပါနှင့်လို့ တားမြစ်၊ဆိုလိုနေခြင်း မဟုတ်ပါ။

လူပဲ မှားတဲ့ အခါ မှားတက်ကြပါတယ်။ထိုအတူ အရိုးစွဲနေခဲ့သော အကျင့်များကို မလုပ်ပဲနေဖို့ဆိုတာလဲ

တကယ်ပင် ခက်ခဲပါတယ်။

အတင်း မတိုက်တွန်းဝံ့ပါဘူး။သို့ပေမယ့် မကောင်းတာကို မကောင်းမှန်း၊

မလုပ်သင့်မှန်း သိစေချင်တယ်၊ အကောင်းနဲ့ အဆိုး၊ အမှန်နဲ့ အမှား ခွဲခြား

သိမြင်စေချင်တယ်။လုံးဝ အကြွင်းမဲ့ မလုပ်နိုင်ရင်တောင်မှ သတိ တရားနဲ့

ကိုယ်လုပ်နေသော( ကျန်းမာရေး ထိခိုက်မည့်) အလုပ်များကို တဖြည်းဖြည်း

နည်းပါးအောင် ကြိုးစားသင့်သည်လို့ ကျွန်ုပ် ထင်ပါတယ်။

ထို့အတူ ကိုယ်ရဲ့ အနေအထိုင်၊ အစားအသောက်၊ ကောင်းစွာ အိပ်စက်

အနားယူမှု ၊ စိတ်ချမ်းသာအောင် နေထိုင်တက်မှုတို့လဲ လိုအပ်ပါသေးတယ်။

အိပ်ချင် ၊ မအိပ်ချင် ၊ အိပ်တဲ့ အချိန်သတ်မှတ်ပြီး အလေ့ အကျင့် လုပ်သင့်တယ်။

ကြိုက်ကြိုက် မကြိုက်ကြိုက် အသား၊ငါး နှင့် အသီးအရွက်များကို အဟာရ

သင့်တင်မျှတစွာ စားသင့်ပါတယ်။

ကိုယ်လုပ်တဲ့ အလေ့ အထများလာမယ်ဆိုရင် အကျင့်တစ်ခုဟာ

သင်ကိုယ်တိုင် မသိပဲရလာမည့် ဆုလာဘ် ဆိုတာ နားလည်လာပါလိမ့်မယ်။

ကျနော် အပါအ၀င် လူတိုင်းဟာ တစ်နေ့မှာ အိုကြရမယ် ၊ နာကြရမယ် ၊ သေကြရမယ် ဆိုတာ

ဘယ်လိုမှ ရှောင်လွဲလို့ မရနိုင်တဲ့ ကိစ္စပါ။

ဒါပေမယ့် မအိုကြပဲနဲ့ သေသွားကြသော လူများအား သင်တို့ရော ၊ကျွန်ုပ်ပါ မြင်တွေ့

သိမြင်နေကြရတယ်ဆိုတာ ညင်းလို့ မရနိုင်ပါဘူး။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။

မိမိကိုယ်ကို မိမိ စောက်ရှောက်ခြင်းသည်လဲ မင်္ဂလာ တစ်ပါးပါပဲ။

ကိုယ်စိတ်နှလုံး ချမ်းသာဖို့အတွက် ကျန်းမာဖို့ အရေးကြီးပါတယ်။

မိတ်ဆွေများအားလုံး သတိတရားနဲ့ မိမိကိုယ်ကို မိမိ စောက်ရှောက်နိုင်ပါစေ။

ကျနော်သည် ပညာရှင် စာရေးဆရာ တစ်ယောက် မဟုတ်သည့် အတွက်

အရေးအသားများ လွဲချော်ခြင်း ၊ စပ်ဆက်မှု ကင်းမဲ့ခြင်းများ ဖြစ်ခဲ့လျှင်  သည်းခံပေးဖို့

ပန်ကြားအပ်ပါသည်။

စိတ်ထဲတွင် ဖြစ်ပေါ်နေသော အကြောင်းအရာကို ရေးချင်လွန်းရ်ျ ရေးလိုက်ရပါသည်။

မကောင်းလို့ပဲ ဖြစ်ဖြစ် ၊ အလည်ကြုံလို့ပဲ ဖြစ်ဖြစ် ဖတ်မိရင် သည်းခံ ဖတ်ပေးကြပါခင်ဗျာ။

(ဟန်သူအောင်)

In: ဆောင်းပါး Posted By: Date: Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment