Professional Authors

ငါ့အတွက် င့ါရဲ့ အမိန့်


မနက်မိုးလင်းလာ၏ မထချင် ထချင်နှင့် နံရံက နာ၇ီကို မပွင့်တပွင့် မျက်လုံး နှင့် လှမ်းကြည့်၏ အလုပ်ချိန်နီးပြီ အိမ်ရာထ၇မှာ အလွန်ပျင်းစ၇ာကောင်းပါလား ဒီအတိုင်းလေး ဆက်ပြီး နှပ်နေလိုက်၇၇င် အတော်လေး အရသာရှိတာပဲ ……
သြော် င့ါနှယ် သက်တောင့်သက်သာ အိပ်ရာပေါ်မှာ တညလုံး အိပ်လိုက်၇ပြီးတာတောင်မှ မနက်မိုးလင်းလို့ ထ၇ပျင်းနေသေးတာပါလား အဲကွန်းခန်းမှာ စောင်အထူကြီး ကို တင်းအောင်ခြုံ ပျော့ပျော့ပျောင်းပျောင်း မွေ့ယာထက် မှာ သက်တောင့်သက်သာ အိပ်ခဲ့ရပြီးတာတောင် အတော် လွန်တဲ့ ငါပါလား ………..အတွေးတချက် ခေါင်းထဲေ၇ာက်၏။

ငါ့မြို့ ငါ့ရွာ ငါ့နိုင်ငံက နေစရာမရှိ စားစ၇ာမရှိတဲ့ လူမြောက်များစွာက ဒီအချိန် ငါ့လို နိုးလာ၇တာ မဟုတ် မိုးရွာတဲ့ ည မိုးလွတ်အောင် သစ်ပင် ကြီးတွေအောက် ချူံတိုချုံခြား တိုးအိပ်၇တာ ချမ်းတဲ့ ညတွေမှာ ညစ်ညစ်ပတ်ပတ် အမှိုက်ပုံတွေခြား ရှိတဲ့ပုဆိုး ပိုင်းကို ခေါင်းထိ ဆွဲခြုံပြီး အိပ်ကြရတာ မိုးမလုံ လေမလုံ တဲအိမ်တွေရဲ့ ၀ါးဖျင်ကြမ်းတွေပေါ်တာ အိပ်ကြရတာ ………ငါက အခုထ ရေမိုးချိုးပြီး သွားစရာ အလုပ်က အဆင်သင့် ပဲ ။သူတို့တွေက ရရာ အလုပ်ဆိုပြီးတွေ့ကရာ ရှာလုပ်ရအုံးမှာ

ဒီမှာ ငါ့အတွက် လကုန်၇င် လခရှိတယ် တနေ့စာ ထမင်းသုံးနပ် ငါ အလွယ်တကူ ချက်စားနိုင်တယ် ပါးစပ်ထဲ ထမင်းလုပ်ဝင်ဖို့ အလွယ်လေး စားစ၇ာလုပ်ရပျင်းလို့ ဗိုက်မောက့်နေတာပဲရှိမယ် ချက်ပြုတ်စရာက အဆင်သင့် ရေခဲသေတ္တာထဲမှာ ….ဟိုလူတွေက ထမင်းဘယ်လိုဖြစ်မြောက် အောင်လုပ်မလဲ …ဟင်းရော…ဟာလာဟင်းလင်းဗိုက်နဲ့ ဟင်းလင်းပြင်မှာ ကုန်းရုန်းလုပ်ကြ၇အုံးမယ် ငါလို အမိုးအကာနဲ့ အဲကွန်းနဲ့ လူအနံ့ကင်းပြီး သန့်သန့်ရှင်းရှင်းနေရာမျိုးမှာ ထိုင်လိုက် ထလိုက် ဒီနားတ၀ိုက်လေး အလုပ်လုပ်ကြရတာမဟုတ်……ဟိုပြေးဒီပြေး ချွေးအလူးလူး အားသွန်ခွန်စိုက် ကုန်းရုန်းရတာ နေက ပူမယ် မိုးေ၇ကြီးတွေအောက်လဲ ဖြစ်ချင်ဖြစ်မယ်။

ဒီလိုအခြေအနေနဲ့…. ငါလိုလူ

အဆင်သင့်ရှိတဲ့အလုပ်ဆီ သွားဖို့အချိန်နီးနေတာတောင် ……..ကုန်းမထနိုင်သေးတာ……
…..တောက်.!!!!!…….ငါ ……..အတော် လွန်နေပြီ!!!!!!!!!!!!!!

In: ဆောင်းပါး Posted By: Date: Apr 19, 2011
Comment #1

ဒန် ညက တော်တော်နဲ့ အိပ်မပျော်လို့ထင်တယ်…

commentinfo By: genius.jinx28 at Apr 19, 2011
Comment #2

ဟားး အားပေးသွားတယ်ဗျာ … တောက် ငါလည်း တော်တော်လွန်နေပီ…

Comment #3

တွေးပေးဖော် ရတာလေးနဲ့တင် ကျေနပ်စရာကောင်းနေပါပြီ ။

Comment #4

မှန်တယ်…. ထမင်းတလုတ်တွက်ရုန်းကန်နေရတဲ့သူတွေအများကြီးပါနော်.

commentinfo By: May Kha at Jun 23, 2011
Comment #5

Good BE Know Some people

commentinfo By: Han paing Oo at Jul 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment