Professional Authors

ရည်မှန်းချက်နှင့် ပြသနာအထွေထွေ(၂)

မေး ။  ။ဆရာဦးအောင်သင်း ခင်ဗျား၊ ဆရာပြောသလို ကျွန်တော်တို့စိတ်ထဲ၌ ကြီးပွားလိုခြင်းပြင်းပြစွာ ရှိပါ သည်။ အထူးသဖြင့် သြဇာရှိခြင်း၊ အာဏာရှိခြင်း၊ အသပြာရှိခြင်း ဆိုရာများတွင် ကျွန်တော်အတွေ့အကြုံအရ အသပြာ ချမ်းသာခြင်းဆိုသော ဆန္ဒပြင်းပြစွာရှိနေပါသည်။ ထို့ကြောင့်လူငယ်တစ်ဦးအနေနှင့် အသပြာ ချမ်း သာ လိုသော စိတ် ရှိနေခြင်းသည် သူ၏ ဘ၀တစ်လျှောက်တွင် အန္တရာယ်ရှိနိုင်/ မရှိနိုင်ကို သိလိုပါသည်။
ဖြေ ။  ။အဲ့တော့ ချမ်းသာချင်တဲ့စိတ်ရှိတယ်။ အဲဒီဥစ္စာ သူ့ဘ၀မှာ အန္တရာယ်မရှိနိုင် ဘူးလား/ရှိနိုင် သလား တစ် ခုတော့ပြောမယ်။ ချမ်းသာချင်တယ်၊ ချမ်းသာချင်လို့ အလုပ်လုပ်တဲ့သူတွေကြီးပဲ။ အဲဒီချမ်းသာချင်လို့ အလုပ်လုပ်တဲ့လူတွေထဲမှာလောကကြီးအတွက် တကယ်ပြန်လုပ်သွားတဲ့လူတွေသာ တကယ်ချမ်းသာသွား တယ်လို့ သဘောပေါက်ပါ။ ကုန်ကုန်ပြောလိုက်မယ် ဂျာမနီမှာရှိတဲ့ “ဗွိုင်ဂလင်ဒါ”ဆိုတာ သိပ္ပံပစ္စည်းတွေ ထုတ်တာ။ အဲ့ဒီစက်ရုံက မှန်ပြောင်းတွေ မှန်ဘီလူးတွေဆိုတာ သိပ်နာမည်ကြီးတာ။ အဲဒီစက်ရုံက သူဌေးတွေ ပေါ့။ ပြီးလည်းပြီးရော သိပ်ချမ်းသာပြီး အလုပ်သမားတွေအကုန်ခေါ်၊ ခေါ်ပြီးတော့၊ တို့တော့တော်ပြီတဲ့၊ဘာ လုပ်မလဲတဲ့၊ မင်းတို့အကုန်လုံးခွဲယူတော့ဆိုပြီး စနစ်တကျအကုန်လုံး အပိုင်ခွဲပေးလိုက်တာ၊ နောက်ဆုံးကျ တော့ဘယ်လောက်ချမ်းသာချင်သလဲ၊ ချမ်းသာတော့လဲ ထမင်းနှစ်နပ်ပဲ။ ဘာကြောင့်ချမ်းသာချင်တဲ့စိတ်ရှိ သလဲ ပြောမယ်။ ပတ်ဝန်းကျင်မှာ ပစ္စည်းတွေ၊ လူသုံးပစ္စည်းတွေက အများကြီးပေါ်နေတယ်။အဲတော့ သီပေါ မင်းသေသွားတယ်။ အိုက်စ်ကရင် စားမသွားရဘူး။
နေမကောင်းတဲ့အခါ အိုက်စ်ကရင်လေး စားရလောက်အောင်ဆိုတဲ့ စိတ်ကလေး မပေါ်ဘူး။ ဘာဖြစ်လို့ဆို တော့ရှိမှမရှိပဲ။ သတိထားနော် . . .၊ ကျွန်တော်ပြောတဲ့အချက်က သိပ္ပံပညာကြောင့် လူသုံးကုန်ပစ္စည်း အ များကြီးကြောင့်ထွက်လာတယ်။ အဲဒီလူသုံးကုန်ပစ္စည်းတွေ ထွက်လာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ တွေအလုပ်ပိုလုပ်ကြရတယ်။ ဥပမာဆိုပါတော့ မိန်းကလေးအိမ်မှာ အင်္ကျီဟာ အနည်းဆုံး အထည်တစ်ရာရှိ တယ်။ ဒါပေမယ့်နောက်ထပ် ထပ်ဝယ်တယ်။ ဘာလို့ဆိုတော့ အဆင်။ ဟိုက စက်ရုံကလည်း၊ ယောကျာ်းဝတ် ဆိုပါတော့၊ တက်ထရက်အင်္ကျီလုံခြည်ပေါ့ တစ်စုံပေါ့လေ။ အဲ့ဒါ ၅ စုံရှိရင် ၂ နှစ်ဝယ်စရာမလိုဘူး။ ၂ နှစ်ဝတ် လို့မကုန်ဘူး။ အဲသလိုဆိုရင် ဟိုစက်ရုံတွေ ပိတ်ပစ်ရမှာပေါ့။ အဲ့တော့ . . . အဲဒီတက်ထရက်ကို အပွင့်လေး၊ အ ကျားလေး၊ အစင်းလေး၊ အဲဒါမှာမှ တစ်ခါ အင်္ကျီဒီဇိုင်းလေး၊ အဲသလိုထုတ်လုပ်လာတယ်။ အဲတော့… အဲဒီလို ပေါ်လာတိုင်း ပေါ်လာတိုင်း ကျွန်တော်တို့မှာဝယ်ဝယ်နေရတာနဲ့ ကျွန်တော်တို့က စားဖို့အတွက်အလုပ်လုပ် နေတာလား၊ ၀ယ်ဖို့အတွက်အလုပ်လုပ်နေတာလားဆိုတာ ဖြစ်နေတယ်။ နောက်တစ်ခါ ဆက်ပြီးတော့ကြည့် လိုက်ပါဦး၊ တိုက်တို့၊ ကားတို့ကလည်း အခုတစ်မျိုး၊ ခုတစ်မျိုး။ မိုဒယ်အမျိုးမျိုး၊ သစ်လာရင် ၀ယ်ချင်လာတာပဲ။ အဲတော့ . . . ချမ်းသာချင်တဲ့အကြောင်းရင်းက ဘာလဲဆိုရင် အဲဒီလူသုံးပစ္စည်းတွေ ပေါ်လာသမျှ အငမ်းမရ လိုချင်လို့ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ပြန်တွက်ကြည့်လေ- ကိုယ်ချမ်းသာချင်တာ လှူဖို့လား၊ ကလေးတွေကျောင်းထားချင်လို့လား၊ ပရဟိတလုပ် ငန်းလုပ်ချင်လို့လား၊ အဲတော့ အဲဒီလိုပစ္စည်းတွေကို သုံးချင်လို့ ချမ်းသာချင်တယ်ဆိုရင် ဟိုစက်ရုံတွေက လည်း မပျက်ထုတ်နေမှာ။ အဲတော့ . . . မြစ်ကိုအလျှားလိုက် ကူးနေတာနဲ့တူနေမယ်။ အဲ့တော့ ချမ်းသာချင် တာဟာ အဲဒီလိုပစ္စည်းတွေကိုသုံးချင်လို့ဆိုရင် အဲဒါအန္တရာယ်နဲ့ နည်းနည်းနီးလာပြီ။ မရောက်သေးဘူး။ မ တော်လောဘနဲ့ ချမ်းသာချင်လာပြီ ဆိုရင်တော့ အန္တရယ်ထဲရောက်ပြီ။ ဒါကြောင့်ချမ်းသာချင်တာဟာ အပစ် မဟုတ်ဘူး။ သဘာဝကျတယ်။ သို့သော်လည်းပဲ သိပ်ချမ်းသာချင်လာရင်“ဘာကြောင့်ချမ်းသာချင်တာလဲ” ပြန်စစ်ဆေးကြည့်ပါ။ မိန်းမတွေတစ်ထွေးကြီး လိုချင်လို့ ချမ်းသာချင်တာပါတယ်ဆိုရင်၊ ပစ္စည်းနောက်လိုက် ချင်လို့ ချမ်းသာချင်ပါတယ်ဆိုရင် အဲဒါအန္တရာယ်နဲ့ နီးနေပါပြီ။ အဲဒီအတွက်ကို မတော်လောဘနဲ့ရှာတော့ မယ်ဆိုရင် အန္တရာယ်ထဲကိုရောက်သွားပြီ။ အဲဒီကျရင် နစ်သွားတတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို ကျွန်တော်ပြောပါတယ်။ “မင်းတို့ငယ်ငယ်နဲ့ချမ်းသာချင်လို့ရှိရင် အန္တရယ်ရှိတတ် တယ်” ဘာလို့လဲဆိုတော့ လူဆိုတာငယ်ငယ်မှာ နာမည်ကြီးချင်တယ်။ အသက်ကြီးလာတော့ လောဘကြီး လာကြတယ်။ ငယ်ငယ်ကလောဘကြီးရင် သိပ်မဟုတ်သေးဘူး။ ငယ်ငယ်က မချမ်းသာရင်နေပါစေ၊ နာမည် ကြီးချင်တာပဲ ဟုတ်လား၊ အသက်ကြီးလာတဲ့အခါကြတော့ နည်းနည်းလောဘတတ်လာပြီ။ တချို့စိုးရိမ်တတ် တဲ့လူတွေဆိုလို့ရှိရင် ကိယ့်အိုစာမင်းစာအတွက် လောဘတတ်ပြီး ရှာတော့တာပဲ။ အဲတော့ . . . ကျွန်တော် ပြောတဲ့ခုနက နည်းနဲ့ ပြန်ချိန်ကြည့်ပါ။ အဲဒီချင့်ချိန်နိုင်တဲ့ဥာဏ်လေးရှိရင် အန္တရာယ်မရှိသော ချမ်းသာခြင်း ကို ရနိုင်ပါတယ်။
ဆရာ ဦးအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ
In: ဆောင်းပါး Posted By: Date: Mar 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment